စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဆားလင်းကြီးဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဆားလင်းကြီးဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းပတ်ထိုးနေလို့ ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မတ်လ ၂၉ ရက်နေ့ မနက် ၇ နာရီခန့်လောက်ကစတင်ပြီး ဆားလင်းကြီးဘက်နေ စစ်ကောင်စီတပ် အင်အား ၈၀ ကျော်လောက်ဟာ ကျော်မှော်ကျေးရွာဘက်ကနေ စတင်ပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းလှည့်ပတ်ထိုးနေတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"ကျော်မှော်ကနေ စဝင်လာလိုက်တာ။ ခုတော့ နောက်ဆုံးအခြေနေက ဝဲကွဲ၊ ဝဲကြီးဘက်ကို ရောက်နေတယ်လို့တော့ သိရတယ်။ စစ်ကြောင်းဝင်လာတော့ ရွာတွေက ဒေသခံတွေကတော့ ကြောက်ပြီးပြေးနေရတယ်။ နေရဲတဲ့သူတွေက နည်းတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေပေမယ့် နေ့လည်ပိုင်းထိ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိသေးဘဲ ရွာတွေထဲက နေအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ထန်းဖူးသဇင်၊ သဲကော​ကြီး၊ ဝဲကွဲ၊ ဝဲကြီး၊ ဆားထုံး၊ ဖောင်းကတာ၊ ဘင်ဂ၊ တုံရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၇၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အဆိုပါ ကျေးရွာတွေဟာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေလို့ မကြာခဏ စစ်ဘေးရှောင်နေရတဲ့ ရွာတွေဖြစ်ပြီး ဒေသခံနေအိမ်တွေလည်း မီးရှို့ခံရတာတွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10