စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၆၀ မမ ၁၀၀ မမ တို့နဲ့ ပစ်ခတ်ခံရလို့ သေဆုံးမှုရှိနိုင် (ရုပ်/သံ)
        
        
        
        မကွေးတိုင်း၊ မြိုင်မြို့အနောက်ဘက် ကိုးဆောင် စစ်ဆေးရေးဂိတ်က စစ်သားတွေကို ၆၀ မမ ၁၀၀ မမ Rock တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People's Defence Force မိုက်ခဲ (M.Y.G) အဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေလို့ ဖေဖော်ဝါရီ ၂၈ ရက် မနေ့က ညနေပိုင်းမှာ ၆၀ မမ ၁၀၀ မမ တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People's Defence Force မိုက်ခဲ(M.Y.G) တာဝန်ခံက ပြောပါတယ်။
ဒီနေ့မနက်အချိန်ထိ အဲဒီစစ်ဆေးရေးဂိတ်နေရာမှာ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက အထိုင်ချပြီး သေနတ်နဲ့ ရမ်းသမ်း ပစ်ဖောက်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ကိုးဆောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုကို People's Defence Force မိုက်ခဲ (M.Y.G)အဖွဲ့၊ ဗိုလ်လက်ယာလက်ခွဲ လက်နက်ကြီးအဖွဲ့၊ ဇာမဏီသွေး လက်နက်ကြီးအဖွဲ့၊ သံမဏိလိပ်ပြာ လက်နက်ကြီးအဖွဲ့၊ ဗိုလ်လရောင် လက်နက်ကြီးအဖွဲ့၊ မောင်ရေလိူင်း ခေါင်ဆောင်သော မြေစားလက်နက်ကြီးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း အဲဒီစစ်ဆေးရေးဂိတ်ကို People's Defence Force မိုက်ခဲ(M.Y.G)အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
တည်းဖြတ် - CM
#မြေလတ်အသံ
 
 
        
        
        
           Share
        
  
        
           Share
         
        
           Share