စစ်ကောင်စီ တပ်ဖြန့်ထားတဲ့နေရာ ၃ ခု ဒရုန်းနဲ့ ဗုံး ၅ လုံးကြဲခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့‌ပေါ်မှာ စစ်ကောင်စီက တပ်ဖြန့်ထားတဲ့နေရာ ၃ နေရာကို မတ်လ ၂၆ ရက် မနေ့က ၁ ရက်တည်းမှာတင် ဒရုန်းနဲ့ဗုံး ၅ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ Salingyi Special Task Force-SSTF အဖွဲ့ဆီက သိရပါတယ်။

မတ်လ ၂၆ ရက် မနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီအတွင်း မြို့လယ်ဂိတ်၊ ထွေအုပ်ရုံး နဲ့ နိဗ္ဗာန်ကျောင်းနားကဂိတ် စတဲ့ ၃ နေရာမှာ တပ်ဖြန့်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်ခံလိုက်ရတဲ့ စစ်အုပ်စုတွေထဲမှာ အထူးရဲတွေပါဝင်ပြီး ဆားလင်းကြီး မြို့လယ်ဂိတ်မှာ အင်အား ၄၀ ခန့်၊ ထွေအုပ်ရုံးမှာ အင်အား ၅၀ ခန့်၊ နိဗ္ဗာန်ကျောင်းနားက ဂိတ်မှာက အင်အား ၅၀ ခန့်နဲ့ တပ်ဖြန့်နေပြီး အဲဒီနေရာတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ မြေပြင်သတင်းပေးချအရ ဒဏ်ရာရ ၄ ဦးရှိတယ်လို့ Salingyi Special Task Force-SSTF တာဝန်ခံ ကိုဖိုးဇေက ပြောပါတယ်။

ဗုံးကြဲချခံရပြီး အဲ့ဒီစစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ မင်းတောရွာအတွင်းက ပြည်သူတဦးအိမ်ပေါ် ၆၀ မမ လက်နက်ကြီး ကျည်ကျမှန်ခဲ့သလို ပြည်သူတဦးလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိနေပြီး အခုအချိန်အထိ ဆားလင်းကြီးမြို့ပေါ်မှာ ကင်းပတ်နေတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Salingyi Special Task Force - SSTF ၊ Salingyi Special Task Force - SSTF တပ်ခွဲ "SPACE MAN" Drone အဖွဲ့ ၊ Shar Htoo Waw Drone နည်းပညာအဖွဲ့ ၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF) ၊ အညာသား ပြောက်ကျားတပ်ဖွဲ့ နှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10