စစ်ကြောင်းကို ကင်းထောက်နေတဲ့ ရေဦးပလဖတာဝန်ခံ လက်နက်ကြီးထိမှန် သေဆုံး

စစ်ကြောင်းကို ကင်းထောက်နေတဲ့ ရေဦးပလဖတာဝန်ခံ လက်နက်ကြီးထိမှန် သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည့်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံ ကိုနေမျိုးအောင်ဟာ သြဂုတ် ၂၈ ရက်ဒီနေ့မနက်မှာ စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်ရင်း လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် ကိုနေမျိုးအောင်ဟာ ရေဦးမြို့နယ်အတွင်းက ကျေးရွာတရွာအနီးမှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်နေချိန် စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ကျန်ရစ်သူမိသားစုဝင်တွေရဲ့ လုံခြုံရေးကြောင့် ကိုနေမျိုးအောင်ကျဆုံးခဲ့တဲ့ နေရာ၊ ကျေးရွာ၊ အချိန် တိတိကျကျဖြေလို့ မရသေးပါဘူး။ သူက ပွဲကဖို့ (စစ်ကောင်စီကို တိုက်ဖို့) ကင်းထောက်နေရင်း လက်နက်ကြီးကျည်စ ထိမှန်ပြီး နေရာချင်းကျသွားတာ။ တိုက်ပွဲမဖြစ်လိုက်ဘူး"လို့ ကိုထူးခန့်ဇော် က ပြောပါတယ်။

လက်ရှိမှာ ကိုနေမျိုးအောင်ရဲ့ ရုပ်အလောင်းကို သူ့ရဲ့နေအိမ်မှာထားရှိထားပြီး ဒီညနေပိုင်းလောက်မှာ သင်္ဂြိုဟ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုနေမျိုးအောင် ကင်းထောက်တဲ့စစ်ကြောင်းမှာ အောင်လံအခြေစိုက် ခလရ ၇၁ က စစ်သားနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာတော့ ရေဦးမြို့နဲ့ ၁ မိုင်ခန့်ဝေးတဲ့ ထန်းတောကျေးရွာကို ရောက်ရှိနေတဲ့အတွက် အနီးဝန်းကျင် ကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #ပလဖတာဝန်ခံ #စစ်ကောင်စီ #လက်နက်ကြီး #ထိမှန်သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10