စစ်ကြောင်းကြိုဖို့ တန်းစီနေချိန် ပစ်ခတ်ခံရလို့ ရဲ ၂ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းထဲမှာ စစ်ကြောင်းကြိုဖို့ တန်းစီနေကြချိန် ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People Defence Force ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်း ၈ နာရီခွဲအချိန်မှာ စစ်သားနဲ့ ရဲအင်အား ၃၀ ဦးကျော်တန်းစီနေချိန် မီတာ ၁၀၀ ကနေ ၂ နေရာခွဲပြီး ပစ်ခတ်ခဲ့တာလို့ Earthquake People Defence Force တာဝန်ခံ ကိုအရှည်ကြီးက ပြောပါတယ်။

တိုက်ခိုက်မှုမစတင်ခင် ညကတည်းက တော်လှန်ရေးအဖွဲ့တွေက ကြိုတင်ကင်းပုန်းဝပ် ကာစောင့်ဆိုင်းခဲ့ပြီး စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့် Earthquake People Defence Force၊ မြိုင် (ပကဖ) တပ်ရင်း ၁ တပ်ခွဲ ၄ စင်္ကြာတတပ်ဖွဲ့ နဲ့ TYKပြောက်ကျားတပ်ဖွဲ့ တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ကလည်း မြိုင်မြို့နယ်၊ တွင်းမကျေးရွာကနေ ထွက်လာတဲ့ ခလရ ၂၅၁ စစ်ကြောင်းကို Earthquake People Defence Force အဖွဲ့က သာစည်ကျေးရွာအနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ အရာရှိတဦးအပါ ၂၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့နယ် #ပကဖ #စစ်ကောင်စီ #ရဲတပ်ဖွဲ့ #စစ်ကြောင်းထိုး #တိုက်ခိုက်မှု #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10