စစ်ကြောင်းထိုးဖို့ ရှေ့ပြေးလွှတ်လိုက်တဲ့အဖွဲ့ကို ပကဖ တိုက်ခိုက်လို့ ၅ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက သမန္တပို့အလယ်ရွာကို စစ်ကြောင်းထိုးဖို့အတွက် ရှေ့ပြေးလွှတ်လိုက်တဲ့ ၅ ဦးကို ရေစကြို ပကဖ က တိုက်ခိုက်ခဲ့လို့ ၅ ဦးလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းက တောင်အိုတာတောင်ကျေးရွာနဲ့ သမန္တပို့တောင်ရွာ နေအိမ်တွေကို မွှေနှောက်ပြီး သမန္တပို့အလယ်ရွာကို ကူးဖို့ ရှေးပြေးလွှတ်လိုက်တဲ့ ၅ယောက်ကို မတ်လ ၂၃ရက် မနေ့က မနက် ၁၀နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေစကြိုမြို့နယ်-ပ.က.ဖ တာဝန်ခံက ပြောပါတယ်။


ပစ်ခတ်ခံရလို့ ထိခိုက်သေဆုံးသွားသူတွေကို နောက်ကပါလာတဲ့ အင်အား ၃၀ပါစစ်ကြောင်းက ထမ်းပြီး ညောင်စောက်ဘုန်းကြီးကျောင်းထဲမှာ ဆေးကုသမှုတွေလုပ်တယ်လို့ ပြောပါတယ်။

ရှေးပြေး ၅ ဦးကို ပစ်ခတ်အပြီးမှာ နောက်ကပါတဲ့ စစ်ကြောင်းနဲ့ မိနစ် ၃၀ နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10