စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦးသေပြီး ၇ ဦးဒဏ်ရာရဟုဆို

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦးသေပြီး ၇ ဦးဒဏ်ရာရဟုဆို

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စောင့်ကြိုတိုက်ခိုက်ခံရလို့ ၅ ဦးသေပြီး ၇ ဦးဒဏ်ရာရသွားတယ်လို့ ကျောက်တံခါးမြို့နယ် ပကဖ ထံက သိရပါတယ်။

ဇူလိုင် ၂၅ ရက် ည ၉ နာရီခန့်မှာ ကျောက်တံခါးမြို့ဘက်ကနေ ကားကြီး ၁ စီး၊ ဘေးတွဲ ဆိုင်ကယ် ၂ စီးနဲ့ လာတဲ့ အင်အား ၄၀ လောက်ပါတဲ့ စစ်ကောင်စီ ခမရ ၃၀၇၊ ပိန်းဇလုပ်အခြေစိုက် ခလရ  ၂၆၄၊ ဖြူးအခြေစိုက် ၃၀၈ တပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲက တနာရီနီးပါးလောက် အပြန်အလှန်ဖြစ်ခဲ့တာ။ အရင်မိုင်းဆွဲပြီး အနီးကပ်တိုက်ခိုက်မှုလုပ်နိုင်ခဲ့တယ်။ စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် သေဆုံးတာတွေရှိတယ်။ ထိခိုက်သေဆုံးသူတွေကိုတော့ စကစ ဘက်က ဘယ်လို သယ်သွားလဲတော့ မသိရဘူး" လို့ ကျောက်တံခါးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အဲ့​ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့သလို သေနတ်တလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၆ ရက်ထိ စစ်ကောင်စီတပ်တွေဟာ နံဇရွာမှာတပ်စွဲထားပြီး စစ်ကူစောင့်ကာ စစ်ကြောင်းဆက်ထိုးမယ့် အခြေနေ ရှိနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၀ ရက် မနက် ၆ နာရီကျော်မှာ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို စစ်ကောင်စီ အင်အား ၃၀၀ ခန့်နဲ့ ရောက်လာပြီး ဒေသခံ ၃ ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်မီးရှို့ခဲ့သလို နေအိမ် ၂၀ နီးပါးကိုလည်း မီးရှို့ခဲ့တာပါ။

စစ်ကောင်စီတပ်တွေ နံဇရွာကို ဝင်လာပြီးနောက်ပိုင်း ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပုံစာ - တိုက်ပွဲတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါး #နံဇကျေးရွာ #ပကဖ #စစ်ကောင်စီ #တိုက်ခိုက်ခံရ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10