သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးချိန် အိမ်သာတက်ရင်းကျန်ခဲ့တဲ့ ရဲတပ်သား ၁ ဦးကို PDF တွေဘက်က ဖမ်းမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ရင်းမှူးထံက သိရပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနက် ၅ နာရီခန့်မှာ တောင်သာမြို့ဘက်ကနေ အင်အား ၅၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်ပါတဲ့ စစ်ကြောင်းက ကျေးရွာထဲကိုဝင်ရောက်ပြီးနောက် PDF အဖွဲ့ဝင်တွေကိုရှာဖွေရာမှာ မတွေ့တာကြောင့် မနက် ၇ နာရီလောက်မှာ ကျေးရွာထဲကနေ ပြန်ထွက်သွားပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ကျေးရွာထဲကနေ ပြန်ထွက်သွားချိန် အိမ်သာတက်ရင်းကျန်ခဲ့တဲ့ စစ်ကြောင်းနဲ့ပါလာတဲ့ မှော်ဘီရဲတပ်ရင်း ၅ က၊ ရဲတပ်သား အသက် ၂၀ ကျော်အရွယ် ဥက္ကာဖြိုးကို ဖမ်းမိခဲ့တာလို့ဆိုပါတယ်။
"သူက အိမ်သာတက်ရင်း နောက်ကျနေတာ။ သူကြည့်လိုက်တော့ စစ်ကြောင်းကမရှိတော့ဘူး။ နောက်ကနေ ပြေးလိုက်တဲ့အချိန်မှာ ကျနော်တို့နဲ့တွေ့ပြီး ဖမ်းမိလာတာ။ ကျနော်တို့လည်း စစ်ကြောင်းနောက်ကိုလိုက်နေတာကိုး။ သူက ရွာဘုန်းကြီးကျောင်းအိမ်သာမှာ အိမ်သာတက်ရင်းကျန်ခဲ့တာ။ "လို့ မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ရင်းမှူးက ပြောပါတယ်။
ရဲတပ်သားကို ဖမ်းမိချိန်မှာ G 3 ၁ လက်၊ ကျည် ၃၀၀၊ ကျည်ဘောက် ၄ ခု၊ အီကွေမန့်နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ ရဲတပ်သားကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ရဲတပ်သားက စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်လောက်မှ ရဲတပ်ဖွဲ့ထဲ ရောက်လာသူဖြစ်ပြီး ရဲတပ်ရင်း ၅ မှာ တာဝန်ကျနေစဥ် တောင်သာမြို့နယ်ကို ၂၀၂၄ ခုနှစ်အတွင်း လုံခြုံရေးတာဝန်ကျလို့ ရောက်ရှိလာသူဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ခြုံကြီးရွာကနေ ပြန်ထွက်သွားစဉ် ကျေးရွာအတွင်းက အသက် ၃၀ ကျော်အရွယ် ဒေသခံ ကိုဟိန်းဇော်ဆိုသူကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက် နေ့လယ် ၁၂ နာရီကျော်မှာ အထက ၁ ကျောင်းဝန်းထဲက အင်အား ၂၀ ကျော်ရှိနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို PDF တွေဘက်က တိုက်ခိုက်ရာ စစ်ကောင်စီအဖွဲ့ဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁လက် သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#တောင်သာ #စစ်ကောင်စီစစ်ကြောင်း #ရဲတပ်သား #ဖမ်းဆီး
Share Share Share