စစ်ခေါင်းဆောင်ဇနီး ကြူကြူလှ ဦးဆောင်ပြီး စစ်တပ်ဝါဒဖြန့်သရုပ်ဆောင်အများအပြားနဲ့ မြန်မာအမျိုးသမီးနေ့အကြိုပွဲကျင်းပ

စစ်ခေါင်းဆောင်ဇနီး ကြူကြူလှ ဦးဆောင်ပြီး စစ်တပ်ဝါဒဖြန့်သရုပ်ဆောင်အများအပြားနဲ့ မြန်မာအမျိုးသမီးနေ့အကြိုပွဲကျင်းပ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ MICC 2 မှာ ဇူလိုင် ၂ ရက် မနေ့က စစ်ခေါင်းဆောင်ရဲ့ဇနီး ဦးဆောင်ပြီး မြန်မာအမျိုးသမီးများနေ့အကြိုဂုဏ်ပြုပွဲပြုလုပ်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက မနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။

ဇူလိုင် ၃ ရက် ဒီကနေ့မှာကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့အတွက် အကြိုပွဲအဖြစ် ဝတ်စားဆင်ယင်မှုပြပွဲနဲ့ ပဒေသာကပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲကို စစ်ကောင်စီလက်အောက်အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကအဖြစ်တာဝန်ယူထားသူ စစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်တက်ရောက်ခဲ့တာပါ။

အဲ့ဒီပွဲကို အာဏာသိမ်းစစ်တပ်အသိုင်းအဝိုင်းက ဗိုလ်ချုပ်တွေရဲ့ဇနီးတွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ လက်အောက်ဝန်ကြီးဌာနတွေက အမျိုးသမီးတွေ၊ ဇနီးတွေ တက်ရောက်ခဲ့ကြတဲ့အပြင် ဖျော်ဖြေရေးအဖြစ် စစ်တပ်ဝါဒဖြန့်ဇာတ်ကားတွေကို ပင်တိုင်ရိုက်ကူးနေတဲ့ သရုပ်ဆောင်တွေအပါအဝင် အဆိုတော်တွေနဲ့ လူရွှင်တော်တချို့ တက်ရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အဆိုပါပွဲမှာ ဒီဇိုင်နာတွေအဖြစ် မျိုးမင်းစိုး၊ ထွန်းထွန်းလင်းနဲ့ DJ သော်သော်၊ မိတ်ကပ်ကိုတော့ မေမိုး (ကျော်မိုး)၊ မေဦးမောင်(တော်ဝင်သူ)တို့က တာဝန်ယူထားပြီး John Lwin ဦးစီးတဲ့ STARS & MODELS INT’L က မော်ဒယ်တွေက ဝတ်စားဆင်ယင်မှုပြပွဲမှာ ပါဝင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထုတ်ပြန်လာတဲ့မြန်မာ့အသံသတင်းရုပ်သံတွေမှာ စစ်တပ်ဝါဒဖြန့်ဇာတ်ကားတွေမှာ ပင်တိုင်ရိုက်ကူးနေတဲ့ အေးမြတ်သူ၊ မေသဉ္ဇာဦး၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ယဉ်လတ်တို့အပါအဝင် ဝါဝါအောင်၊ မေသန်းနု၊ ဆုပန်ထွာ၊ မမဆောင်း၊ ယွန်းရွှေရည်၊ ကျော်ကျော်၊ အောင်ခိုင်၊ မိုးယံဇွန်၊ ဇင်မျိုး၊ စိုးသူ၊ ဟန်ထူးဈာန်၊ ဂျင်းနီ၊ Lဆိုင်းဇီ၊ မြန်မာပြည်သိန်းတန်၊ နန်းခင်ဇေယျာ၊ ငှက်ပျောကြော်၊ ဒိန်းဒေါင်၊ ကြာစိ၊ ရဲလေးမ၊ မျောက်ရှုံးတို့ကို တွေ့ရပါတယ်။

အဲ့ဒီ ဂုဏ်ပြုကြိုဆိုပွဲကို စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က စီစဥ်တာဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#နေပြည်တော် #စစ်ခေါင်းဆောင်ဇနီး #ကြူကြူလှ #မြန်မာအမျိုးသမီးများနေ့ #သရုပ်ဆောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10