စစ်ခေါင်းဆောင်တွေ ယခုကျူးလွန်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ ဖမ်းဆီးခံ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း ပြောဆို

စစ်ခေါင်းဆောင်တွေ ယခုကျူးလွန်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ ဖမ်းဆီးခံ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း ပြောဆို

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ နမ့်ဆန်မြို့နယ် တိုက်ပွဲတွေအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းက လက်ရှိစစ်ခေါင်းဆောင်တွေအနေနဲ့ ယခုကျူးလွန်နေတဲ့လုပ်ရပ်များအား ရပ်တန့်ပေးဖို့ ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်မှာ တအာင်း/ပလောင်လွတ်မြေက်ရေးတပ် TNLA က ထုတ်ပြန်တဲ့ ဖမ်းဆီးရမိထားတဲ့ ဗိုလ်မှူးချုပ် မင်းမင်းထွန်း ရဲ့ ရုပ်သံအင်တာဗျူးမှာ တပ်မမှူး ဗိုလ်မှူးချုပ်က အခုလို ပြောဆိုလိုက်တာပါ။

ဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်ကာ တပ်မမှူးအဖြစ်နဲ့ သူအခြေပြုရာ နမ့်ဆန်မြို့ စစ်ဆင်ရေးနယ်မြေအတွင်း ရောက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာလအတွင်းက နမ့်ဆန်၊ မိုးကဲကုန်းစခန်း၊ ပြည်သူ့ဆေးရုံတွေမှာ တိုက်ခိုက်ခံရပြီးတဲ့နောက် ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းမှာ TNLA တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာလို့ သူက ဆိုပါတယ်။

တိုင်းရင်းသားလူမျိုးများအနေနဲ့ ကိုယ့်ဒေသနဲ့ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက်ကို လွတ်မြောက်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ တိုင်းရင်းသားပြည်သူများကို တောင်းပန်ကြောင်းနဲ့ နွေဦးတော်လှန်ရေး အတွင်း ပုံစံအမျိုးမျိုးနဲ့ကျဆုံးသွားတဲ့ အပြစ်မဲ့တိုင်းရင်းသားပြည်သူအားလုံးနဲ့ တနိုင်ငံလုံးက လူထုကို ဝန်ချတောင်းပန်တယ်လို့ ပြောဆိုပါတယ်။

တပ်မ ၁၀၁ ဟာ ပခုက္ကူမြို့အခြေစိုက် တပ်မတခုဖြစ်ပြီး ရှမ်းမြောက်ဒေသတိုက်ပွဲတွေအတွင်း လောက်ကိုင်ဒကစမှူးနဲ့ တပ်မမှူး၊ စကခမှူး ၅ ဦးထက်မနည်းကလည်း မြောက်ပိုင်းမဟာမိတ်တွေထံ လက်နက်ချ အညံ့ခံခဲ့ပါသေးတယ်။

#မြေလတ်အသံ

#ရှမ်းမြောက် #နမ့်ဆန် #တပ်မ၁၀၁ #တပ်မမှူး #အရှင်ဖမ်းမိ #TNLA #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10