စစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ် ကြည်ခိုင် အရံအင်အားရောက်၊ တိုင်းမှူးနေရာတချို့ ထပ်မံလူစားလဲ (ရုပ်/သံ)

စစ်ကောင်စီက စစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် အရံအင်အားကို အပို့ခံလိုက်ရပြီး ၎င်းရဲ့ တိုင်းမှူးနေရာအပါအဝင် အပြောင်းအရွှေ့တချို့ ထပ်မံလုပ်ဆောင်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဗိုလ်ချုပ် ကြည်ခိုင် ဟာ  လပခနယ်မြေ ငါးန်းဇွန်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မဟနအဖွဲ့ဝင်ဟောင်း၊ ရွှေကျင် ဂိုဏ်းဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ပဲခူး၊ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို ၎င်းရဲ့ လက်အောက်တပ်ဖွဲ့ ဝင်တွေက ပစ်ခတ်ခဲ့မှုအပေါ်တာဝန်ရှိမှုနဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းနောက်ဆက်တွဲ မန္တလေးနဲ့အနီးတဝိုက် စစ်ရေးအရေးနိမ့်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ စစ်ဆေးခံနေရတာပါ။

လစ်လပ်သွားတဲ့ လပခတိုင်းမှူးနေရာကို တြိဂံတိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း ရောက်ရှိလာတယ်လို့ သိရပါတယ်။

ကြည်း ၂၅၉၅၇ စစ်တက္ကသိုလ်အပတ်စဉ် ၃၆ ဆင်း ဗိုလ်ချုပ် အောင်ခိုင်ဝင်း ဟာ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးကနေ တြိဂံတိုင်းမှူးဖြစ်လာတာဖြစ်ပြီး တိုင်းမှူးတွေအနက် အပတ်စဉ်စီနီယာကျသူ၊ ကစထမှူးရာထူးအထိ ရေပန်းစားသူလည်း ဖြစ်ပါတယ်။

ထပ်မံသိရှိရတဲ့ အချက်အလက်များအရ မပခတိုင်းမှူး အပြောင်းအလဲမရှိသေးဘဲ တသခတိုင်းမှူး နေရာ ကို တပ်မ ၉၉ တပ်မမှူး နဲ့အစားထိုးတယ်လို့ တပ်တွင်းကနဦးသတင်းတွေအရ သိရပါတယ်။

“ တသခ နဲ့ လပခ ကို ရောက်တဲ့ တိုင်းမှူးတွေက ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ကစထမှူး သို့မဟုတ် အရာရှိ ချုပ်တခုခုဖြစ်သွားတာများတယ်။ ကြည်ခိုင်ကတော့ ဆရာတော်ကြီးကေ့စ်ကြားဖြတ်ဝင်လာတော့ လစ် သွားတာပေါ့။ ခုရောက်လာတဲ့ အောင်ခိုင်ဝင်းက တသခ ရော လပခ ပါ တိုင်းမှူးဖြစ်ခဲ့တာဆိုတော့ စောင့် ကြည့်ရမယ့်လူ “ လို့ စစ်တပ်ထိပ်ပိုင်းသတင်းတွေနဲ့ စစ်ရေးသုံးသပ်ချက်တွေရေးသားနေတဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကောင်စီ #စစ်တိုင်းမှူး #အရံအင်အား #ရာထူး #အပြောင်းအရွှေ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10