စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၂ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာအနီး ပခုက္ကူ-ပေါက်လမ်းမပေါ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို မေ ၁၆ ရက် ညနေ ၄ နာရီကစပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။

ဒရုန်းနဲ့ ဖျက်အားပြင်း အီနာဂါဗုံးသီး ၂၀ လုံးပစ်ချရာမှာ စစ်ဆေးရေးဂိတ်က ဘန်ကာတွေပေါ်ကို ကျရောက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော် ဗေကြီးက ပြောပါတယ်။

ဗုံးထိမှန်ခဲ့တာကြောင့် ဘန်ကာတွေပြိုကျပြီး ပျူစောထီး ၂ ဦးသေသလို ပျူစောထီး သန့်ဇင်အပါ ဒဏ်ရာရသူ ၈ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

အဲဒီဂိတ်ဟာ ပခုက္ကူတမြို့နယ်လုံးမှာ အဆိုးဆုံးဂိတ်ဖြစ်ပြီး ဒေသခံတွေကို နှိပ်စက်နေသလို ခရီးသွားကားတွေကိုလည်း ငွေကြေးတောင်းချင်သလိုတောင်းနေကာ အင်အား ၈၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ နေရာဖြစ်တယ်လို့ ပြောပါတယ်။

ဗုံးကြဲခံရပြီး ပျူစောထီးတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black Cobra (ကမ္မတပ်ပေါင်းစု) ၊ DMG (ဓားမင်းကြီး) ၊ PKU Thurein အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ဆေးရေးဂိတ် #ဒရုန်း #တိုက်ခိုက် #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10