သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းအနီး၊ ရေပြာစစ်ဆေးရေးဂိတ်က ရဲတွေကို ဩဂုတ် ၂၂ ရက် ဒီနေ့မနက် ၇ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ကာကွယ်ရေးအဖွဲ့ ၈ ဖွဲ့ပူးပေါင်းပြီး နောင်ရိုး စစ်ဆင်ရေးအဖြစ် မိနစ် ၂၀ အကြာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်ဆီက သိရပါတယ်။
ရဲ ၃ ဦးက စစ်ဆေးရေးဂိတ်မှာရှိနေတဲ့အချိန် ပစ်ခတ်ရာမှာ ၁ ဦး နေရာမှာတင် ထိမှန်သေဆုံးပြီး ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
"စစ်ဆေးရေဂိတ်မှာ အခါတိုင်းက အင်အားကတော့ ၆ ယောက်ရှိတာ၊ ဒီနေ့ ၃ ယောက်ရှိတယ်၊ ၂ ကောင်ကတော့ ထွက်ပြေးသွားတယ်၊ ၁ ကောင်ကသေပြီး သေနတ်ကျန်ခဲ့တယ်" ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်မှ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
တိုက်ခိုက်ပြီးနောက် အဲ့ဒီဂိတ်ကနေ ဆိုင်ကယ် ၂ စီး၊ ဖုန်း ၁ လုံး၊ ကျည်ဘောက် ၂ ခု၊ G3 သေနတ်တလက်၊ ကျည် ၁၇၁ တောင့်၊ ၁ တောင့်ထိုးကျည် ၁၃ တောင့် နဲ့ ရိုင်ဖယ်ကျည် ၅ တောင့် သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Anonymous Special Task Force၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်၊ မြိုင် ပကဖ ရင်း ၁ စိတ် ၁၈၊ NPRF တပ်ဖွဲ့၊ Fire Revolution Group (ခရိုင်ရင်း ၁၆)၊ ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ဗျတ္တနှင့် နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့၊ ကင်ဒို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အဆိုတော်တပ်ဖွဲ့၊ ဆိုင်ကလုန်းပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကလည်း ပခုက္ကူတပ်မ ၁၀၁ ကိုသွားမဲ့ စစ်အုပ်စုကို ပေါက်မြို့ အုန်းတောရွာအထွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်အဖွဲ့က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ပေါက် #ရေပြာစစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #ရဲ #PDF #ရုပ်သံသတင်း
Share Share Share