စစ်ဆေးရေးဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင်

စစ်ဆေးရေးဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ ရွာလယ်စစ်ဆေးရေးဂိတ်က ရဲတွေကို ဩဂုတ် ၂၆ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ဆေးရေးဂိတ်မှာ ရဲအင်အား ၃ ဦးသာ ရှိနေချိန် PDF တွေဘက်က အလစ်အငိုက်ပစ်ခတ်ရာမှာ ၁ ဦး နေရာမှာတင် ထိမှန်သေဆုံးပြီး ၂ ဦးကတော့ ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားကာ ပစ်ခတ်ချိန် ၅ မိ နစ်သာကြာခဲ့တယ်လို့ ဆိုပါတယ်။

“ စစ်ဆေးရေးဂိတ်မှာ ရဲ** ၃ ယောက်လောက်ပဲရှိတယ်။ ကျနော်တို့ ဆိုင်ကယ် ၄ စီးနဲ့သွားပြီးပစ်တာ။ အဲ့လိုပစ်ခဲ့တာမှာ ရဲ** တကောင်ဆီက ဂန်းတလက်ရအောင်ယူခဲ့တယ်။ ကျနော်တို့ရောက်ရောက်ချင်း ၅ မိနစ်အထိ မရပ်တန်းပစ်တာ” TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ကိုမျက်ပြူးက မြေလတ်အသံကို ပြောပါတယ်။

စစ်ဆေးရေးဂိတ်ရဲတွေဟာ သေနတ်နဲ့လူ တနေရာစီ လုံခြုံရေးပေ့ါလျော့နေချိန် PDF တွေဘက်က အလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဲ့ဒီလို လာရောက်ပစ်ခတ်မယ်လို့ ရဲတွေဘက်က မတွေးမိဘဲ PDF တွေကို လျော့တွက်ထားတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်ကိုင်ဆောင်တဲ့ BA-63 (G3) သေနတ်တလက်နဲ့ ကျည်ဆံတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်ကလည်း သပိတ်ကျင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #သပိတ်ကျင်း #စစ်ဆေးရေးဂိတ် #ပစ်ခတ်ခံရ #ရဲတပ်ဖွဲ့ဝင် #သေဆုံး #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10