စစ်တပ်ကင်းပုန်းနဲ့ PDF တို့ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦးသေ ၁ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ တောင်ဘက်ခြမ်းတနေရာမှာ စစ်ကောင်စီကင်းပုန်းနဲ့ ကာကွယ်‌ရေးအဖွဲ့တွေ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ Chindwin Toe Na Yar PDF ဆီက​ သိရပါတယ်။ 

အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီ‌ဝန်းကျင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားနဲ့ ပျူစောထီး ၃၀ ဦးခန့်ကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ Chindwin Toe Na Yar PDF ခေါင်းဆောင် ဗိုလ်မြကြီးက ပြောပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်တောင်ဘက်ခြမ်းမှာ ကားအဝင်အထွက်ဖြတ်တောက်ရေးလုပ်နေစဥ် စစ်ကောင်စီသတင်းပေးတယောက်ရဲ့တိုင်ကြားမှုကြောင့် စစ်ကောင်စီတပ်က ကင်းပုန်းလာဝပ်ချိန် ထိပ်တိုက်တွေ့ခဲ့တာလို့​ ခေါင်းဆောင်ဗိုလ်မြကြီးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေကာ ၁ ဦးဒဏ်ရရသွားပြီး ယင်းမာပင်မြို့အတွင်းကို ပြန်သယ်သွားတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Chindwin Toe Na Yar PDF (တိုက်နယ် ၇ ပကဖ) ၊ ဗျူဟာ ၄၃ နဲ့ ယင်းမာပင်မြို့နယ် ပလဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #တိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10