စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာပကဖစခန်းတခုကို မီးရှို့၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ

စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာပကဖစခန်းတခုကို မီးရှို့၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၃ ရက် ဒီမနက် ၃ နာရီလောက်ကစပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးကာ ကျေးရွာပြည်သူ့ကာကွယ်ရေး စခန်းတခုကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ဒီနေ့မနက် ၁၂ နာရီလောက်မှာ စစ်ကြောင်း ၃ ကြောင်းခွဲလာတဲ့ စစ်အုပ်စုက ကျွဲကုန်းကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ 

မီးရှို့ခံရတဲ့စခန်းကတော့ ကျွဲကုန်းကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းဖြစ်ပြီး စခန်းမှာကျန်ရှိခဲ့တဲ့ သေနတ်တချို့၊ မိုင်းနဲ့ဆက်စပ်ပစ္စည်းတချို့တို့ သိမ်းဆည်းခံရပေမယ့် ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

"အင်အားမမျှလို့ နောက်ဆုတ်ပေးခဲ့ရတာ။ လူ အထိအခိုက်မရှိခဲ့ဘူး"လို့  မြေပြင်အခြေအနေကို သိရှိတဲ့ ရေစကြိုဒေသခံ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် ခုလိုစစ်ကြောင်းထိုးလို့ မိဖုရား၊ ကျွဲကုန်းနဲ့ ကြွယ်ကုန်းရွာ အပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံထောင်ချီ ထွက်ပြေးနေရပြီး လက်ရှိမှာ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ခုစစ်ကြောင်းထိုးမီးရှို့ စစ်အုပ်စုဟာ မြင်းခြံမြို့နယ်၊ ပတ္တာရွာကနေ အင်အား ၈၀ ကျော်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး ကျေးရွာပကဖစခန်းကို မီးရှို့ပြီးနောက် ကျွဲကုန်းရွာထဲကပစ္စည်းတွေကို လှည်းတွေနဲ့ သယ်သွားတယ်လို့လည်း သိရပါတယ်။  

ပုံစာ - ရေစကြိုနယ်အတွင်း တိမ်းရှောင်နေရသည့် ဒေသခံများ။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ရေစကြို #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတင်း #ပကဖ #စခန်း #မီးရှို့ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10