စစ်တပ်က စစ်ကြောင်းထိုးမယ့်သတင်းတွေကြောင့် စဉ့်ကူးနဲ့ မတ္တရာက ဒေသခံထောင်ကျော် ထွက်ပြေးနေရ

စစ်တပ်က စစ်ကြောင်းထိုးမယ့်သတင်းတွေကြောင့် စဉ့်ကူးနဲ့ မတ္တရာက ဒေသခံထောင်ကျော် ထွက်ပြေးနေရ

စစ်တပ်က စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေကြောင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အတွင်းက ဒေသခံထောင်ကျော် ရွာကနေထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၂၈ ရက် နဲ့  ၂၉ ရက်တွေမှာ စစ်တပ်ကစစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေ ပြန့်နေတာကြောင့် အဆိုပါဒေသခံတွေဟာ အောက်တိုဘာ ၂၇ ရက် ဒီမနက်ကတည်းက တိမ်းရှောင်နေကြတာလို့ ဆိုပါတယ်။  

"အခုသတင်းတွေကတော့ ပြန့်နေတယ်။ စစ်ရေးတော့ မထူးခြားသေးဘူး။ ဒါပေမယ့် ဒီကောင် (စကစ) တွေက တခါတလေကြိုလာတာတို့၊ အမေ့ကောက်ပြီး (မေ့လောက်ပြီဆိုမှ) နောက်ကျလာတာတို့တော့ လုပ်လေ့ရှိတယ်"လို့ မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

မတ္တရာမြို့နယ်ထဲက စိန်ပန်းကုန်း၊ ငယ်တိုး၊ သဖန်းဒေါင့် ကျေးရွာတို့က ဒေသခံ ၁ထောင်ကျော်နဲ့ စဉ့်ကူးမြို့နယ်ထဲက ဟင်္သာမ၊ ကြက်တူရွေး၊ မြစ်ကမ်းကြီး၊ စဥ့်အိုးကျွန်း ကျေးရွာတို့က ဒေသခံ ၃ ထောင်ကျော် တိမ်းရှောင်နေကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၂၅ ရက်ကလည်း မန္တလေးမြို့ဘက်ကနေ ဆန်တက်လာတဲ့ စစ်ကောင်စီ သံခွန်သင်္ဘောဟာ မတ္တရာမြို့နယ်က ငယ်တိုးကျေးရွာနဲ့ သဖန်းထောင့်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ စဉ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာ၊ ဟင်္သာမကျေးရွာနဲ့ သဲအင်းကျေးရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်းနေအိမ် ၂၀နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦးလည်းသေဆုံးခဲ့ပါသေးတယ်။

ပုံစာ - မတ္တရာမြို့နယ်အတွင်းက စစ်ရှောင်အချို့။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #စဉ့်ကူး #မတ္တရာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဒေသခံ #စစ်ရှောင် #ထွက်ပြေး #သတင်း  #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10