စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ချင်းတွင်းမြစ်ကမ်းဘေးက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးရ

စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ချင်းတွင်းမြစ်ကမ်းဘေးက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးရ

ချင်းတွင်းမြစ်ကြောင်းတလျောက်ကနေ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အပိုင် မြစ်ကမ်းနံဘေးကျေးရွာတွေက ဒေသခံသောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အင်အား ၃၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက ဒီနေ့ဩဂုတ် ၁ ရက်မနက် ၆ နာရီကစပြီး မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။ 

“အလုံမင်းဒေါင့် ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖလက်မော်တော်တွေနဲ့ စစ်ကြောင်းထိုးလာတာပါ၊ ကုန်းကြောင်းကနေ စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ယင်းမာပင်မြို့နယ်ထဲက စေတုရွာ၊ သံဘိုရွာ၊ ကျောက်မှော်ရွာ၊ လဗို့ရွာ၊ အုန်းပင်ဆိပ်ရွာ၊ အိုင်တောင်ရွာ စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတာဖြစ်ပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက် စုံစမ်းနေပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ကောင်စီ #စစ်ကြောင်းထိုး #ထွက်ပြေး #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10