စစ်တပ်က တိုက်လေယာဥ် ၄ စီးနဲ့ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေ၊ KNLA ပူးပေါင်းအဖွဲ့ဝင် ၁ ဦးဒဏ်ရာရ

စစ်တပ်က တိုက်လေယာဥ် ၄ စီးနဲ့ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေ၊ KNLA ပူးပေါင်းအဖွဲ့ဝင် ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲက သဲသောမူသဲသောခွား ကျေးရွာကို စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေပြီး KNLA ပူးပေါင်းအဖွဲ့ဝင် ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဩဂုတ် ၂၅ ရက်မှာ KNU ဗဟိုက စာထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၄ ရက် မွန်းလွဲ ၁ နာရီကျော်မှာ စစ်ကောင်စီဘက်က တိုက်လေယာဥ်တွေနဲ့ ဗုံးသီး ၆ လုံး လာ ရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"အားလုံး ၄ စီးနဲ့  ၂ ခေါက်လာပစ်သွားတယ်။ ၁ နာရီခွဲလောက် တကြိမ်နဲ့ ၂ နာရီခွဲလောက်တကြိမ်။ တိုက်ပွဲဖြစ်ပွားတာတော့ မရှိဘူး။ ဒီအတိုင်းဗုံးလာကြဲသွားတာ" လို့ KNU နဲ့နီးစပ်တဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ စောဘဘယ်စယ်ဖိုး ၂၈ နှစ်ဟာ ခန္ဓာကိုယ် ဗုံးစမှန် ဒဏ်ရာတွေရပြီး နေရာမှာဘဲ သေဆုံးသွားသလို KNLA ပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော်မေတ္တာ ၂၃ နှစ် ပေါင်အစမှန်ဒဏ်ရာတွေ ရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လာရောက်ဗုံးကြဲခဲ့တဲ့တိုက်လေယာဥ်တွေဟာ နေပြည်တော် လေတပ်စခန်းနဲ့ တောင်ငူ လေတပ်စခန်းတွေကနေ လာတဲ့လေယာဥ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၅ ရက် ညနေပိုင်းကလည်း ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က တိုက်လေယာဥ်သုံး ဗုံးကြဲတာတွေရှိခဲ့ပေမယ့် ဒေသခံတွေနဲ့ KNLA ပူးပေါင်းတပ်တွေ ထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ကျောက်ကြီးမြို့နယ် #KNU  #သဲသောမူသဲသောခွား #လေယာဉ် #ဗုံးကြဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10