စစ်တပ်က ပစ်ခတ်လို့ PDF ၁ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၁ ဦးဒဏ်ရာရ

စစ်တပ်က ပစ်ခတ်လို့ PDF ၁ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်လို့ PDF ၁ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁ ရက် မနက် ၉ နာရီခန့်မှာ အင်အား ၈၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးသီးကုန်းကျေးရွာကနေ ဘုန်းဘွဲ့ရွာဘက်ကို ရောက်လာချိန် လမ်းမှာတွေ့တဲ့ အမျိုးသား ၃ ဦးကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ကြောင်းကလည်း ရွာထဲအဝင် သူတို့ကလည်း အထွက်။ သူတို့ကို တွေ့တာနဲ့ စစ်ကြောင်းက တန်းပစ်တာ။ ၂ ယောက်သေသွားတယ်။ ၁ ယောက်က ဒဏ်ရာတွေနဲ့ လွတ်လာတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ပစ်ခတ်လို့ ဘုန်းဘွဲ့ကျေးရွာ ပကဖအဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် မင်းမင်းထွန်းနဲ့ ဒေသခံ အသက် ၄၀ ကျော်အရွယ် ဦးထွန်းလင်းတို့ နေရာမှာ သေဆုံးသွားပြီး အသက် ၄၀ ကျော်အရွယ် ဦးအောင်တင်စိုးမှာ ခြေထောက်ကျည်ထိဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

PDF အပါအဝင် ပြည်သူတွေကို ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီအဖွဲ့ဟာ သနပ်ချောင်ကျေးရွာတွေဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၉ ရက်က ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာရှိ တောကျီးကန်းအဖွဲ့စခန်း ၁ ခုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ စခန်းအတွင်းက ပစ္စည်းတွေနဲ့ ကားဆိုင်ကယ်တွေအပါအဝင် ကျပ်သိန်း ၁၅၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေဆုံးရှုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ဘုန်းဘွဲ့ကျေးရွာ  #စစ်ကြောင်း  #PDF #ပစ်ခတ် #သေဆုံး #အရပ်သား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10