စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေ၊ ကလေး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေ၊ ကလေး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာအုပ်စု၊ အညာစုကျေးရွာမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ကလေး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီခန့်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ တိုက်ပွဲမဖြစ်ဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ အညာစုကျေးရွာထဲကို တလုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။

"နေအိမ်ပေါ်ကိုကျတော့ အိမ်ထဲရှိနေသူတွေထိခိုက်သေဆုံးသလို ဘေးအိမ်တလုံးက(လူတွေ)လည်း အစတွေစင်ပြီး ဒဏ်ရာရသွားကြတယ်။ လက်နက်ကြီးကျချိန် ကလေးတွေအိပ်ချိန်ဖြစ်နေပြီ"လို့ ဒေသခံတဦးကပြောပါတယ်။

လက်နက်ကြီးကျလို့ ဒေါ်ယုယုမော် ၄၃ နှစ် သေဆုံးပြီး ဦးစန်းအောင် ၄၄ နှစ်နဲ့ သားဖြစ်သူ မောင်ထွဋ်လင်းထက် ၁၃ နှစ်၊ သမီး မသွန်းသွန်း ၈ နှစ်၊ ဦးရွှေလဝင်း ၄၅ နှစ်နဲ့ သားဖြစ်သူမောင်မိုးဒီ ၁၃ နှစ်တို့မှာ ဦးခေါင်း၊ ခြေထောက်နဲ့ ပေါင်တွေမှာ ဒဏ်ရာရသွားတဲ့အပြင် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးကာ နွား ၁ ကောင်သေဆုံးသွားခဲ့ပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက နီးစပ်ရာဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုယူနေရပါတယ်။

ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်ကလည်း ကျောက်တံခါးအခြေစိုက် စစ်ကောင်စီတပ်တွေကနေ ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါးမြို့နယ် #ကညင်ကျိုးကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10