စစ်တပ်ကပစ်တဲ့လက်နက်ကြီးနဲ့ ထောင်ထားတဲ့နင်းမိုင်းကြောင့် ပြည်သူ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

စစ်တပ်ကပစ်တဲ့လက်နက်ကြီးနဲ့ ထောင်ထားတဲ့နင်းမိုင်းကြောင့် ပြည်သူ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနဲ့ နွားရေချောင်းကျေးရွာတွေမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ထောင်ထားတဲ့ နင်းမိုင်းကြောင့် ပြည်သူ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်လို့  စက်တင်ဘာ ၄  ရက်မှာ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၃ ရက်က သမင်အင်းကုန်းကျေးရွာနေ ဇော်မင်းထွန်း ၄၂ နှစ်နဲ့ အယ်ကော်မူး ၃၂ နှစ်တို့ဟာ စစ်ရှောင်နေရာကနေ ရွာကိုပြန်ပြီး ရိက္ခာယူစဥ် ကျေးရွာအတွင်းရောက်ချိန်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကို နင်းမိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၄ ရက်မှာတော့ ပိန်းဇလုပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၆၄ တပ်ကနေ နွားရေချောင်းကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ်မှာရှိနေတဲ့ အသက် ၄၅ နှစ်အရွယ် စောထွန်းနိုင်ဆိုသူဟာ လက်နက်ကြီး ထိမှန်ခဲ့ပါတယ်။

"သမင်အင်းကုန်းရွာဖြစ်စဥ်က မိုင်းထိတဲ့သူ ၂ ဦးက ရွာကို ရိက္ခာပြန်ယူတာရော စိုက်ထားတဲ့ လယ်လာပြန် ကြည့်ချိန်မှာ မိုင်းထိတာ။ နွားရေချောင်းက လက်နက်ကြီးကျတာ။ ပိန်းဇလုပ်တပ်ကတော့ လက်နက်ကြီး အပစ်ဆုံးပဲ "လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ ဇော်မင်းထွန်းနဲ့အယ်ကော်မူးတို့ ၂ ဦးမှာ ခြေထောက်မိုင်းစ မှန်ဒဏ်ရာရသွားပြီး လက်နက်ကြီးထိတဲ့ ကိုစောထွန်းနိုင်ကတော့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၂ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ ဇရပ်ခင်ရွာဟောင်းကျေးရွာဟောင်းနားမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး ပြည်သူ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရသွားတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ကျောက်တံခါးမြို့နယ် #သမင်အင်းကုန်းကျေးရွာ #နွားရေချောင်းကျေးရွာ #ပိန်းဇလုပ်မြို့ #စစ်ကောင်စီ #လက်နက်ကြီး #နင်းမိုင်း #ပြည်သူ #သေဆုံး #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10