သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့ ၂၅၈ တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအဖနှစ်ဦးသေဆုံးခဲ့ပြီး၊ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ်လ ၂၆ ရက်မနေ့က ည ၁၁ နာရီလောက်မှာ စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ရေစကြိုမြို့နယ်၊ ညောင်တောကျေးရွာအုပ်စု၊ ကူတုတ်ကျေးရွာက နေအိမ်တလုံးပေါ်ကျရောက်ခဲ့ပြီး၊ အဲ့ဒီအိမ်က အသက် ၅၀ အရွယ် ဦးမန်းကျော်နဲ့ ၉ နှစ်အရွယ် မောင်ဖိုးသင်္ကြန်တို့ သားအဖ ၂ ဦ:စလုံး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
"၂၅၈ တပ်က မနေ့ညကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာ၊ ကူတုပ်ရွာကအိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီး ကိုမန်းကျော် အသက် ၅၀ ဖိုးသင်္ကြန် ၉ နှစ် သားအဖ ၂ ယောက်စလုံးပွဲချင်းသေတယ်။ မိန်းမ မညိုက ကိုယ်ဝန် ၄ လနဲ့ စိုးရိမ်ဒဏ်ရာရပြီး ရေစကြိုဆေးရုံမှာတင်ထားရတယ်။ ည ၁၁ နာရီဝန်းကျင်က လှမ်းပစ်တာ" လို့ သူကပြောပါတယ်။
လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်ခဲ့ပြီး၊ ခုလိုပစ်ခတ်တာဟာ တိုက်ပွဲဖြစ်တာမဟုတ်ပဲ PDF တွေ ရှိတယ်အထင်နဲ့ ရေစကြိုမြို့အခြေက ကျေးရွာတွေကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်ထိ စစ်တပ်ရဲ့လက်ချက်နဲ့ သေဆုံးသူ စုစုပေါင်း ၁၇၀၇ ဦးရှိပြီလို့ ဆိုထားပေမယ့် လက်ရှိမြေပြင်မှာတော့ ဒီထက်ပိုပြီးများနိုင်ပါတယ်။
#မြေလတ်အသံ
Share Share Share