စစ်တပ်ကဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ် ၁၂ လုံးပျက်စီး

စစ်တပ်ကဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ် ၁၂ လုံးပျက်စီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိုးနှောင်းခင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက် မနေ့ကညနေ ၅ နာရီလောက်မှာ မိတ္ထီလာလေတပ်ဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ပတ်ပြီးကြဲချသွားတာ။ ဗုံးကတော့ ဘယ်အမျိုးအစားတွေသုံးတာ‌‌တော့ မသိဘူး။ ဗုံး ၂ လုံးရွာထဲကျတဲ့အခါမှာ နေအိမ် ၁၂ လုံးကျော် ပျက်စီးသွားတယ်။” လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။  

ဗုံးစထိမှန်ပြီး မိုးနှောင်းခင်းရွာက အသက် ၅၀ ကျော်အရွယ်အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးဒဏ်ရာရခဲ့ကာ သူတို့ကိုတော့ ရှေးဦးသူနာပြုစနစ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတယ်လို့ ဆိုပါတယ်။ 

မိုးနှောင်းခင်းကျေးရွာဟာ တောင်သာမြို့နယ်နဲ့ ၂ မိုင်ခန့်ဝေးပြီး ခုလိုဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ဒေသခံတွေလည်း ရွာကတိမ်းရှောင်းနေကြတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူ စုစုပေါင်း ၆,၀၄၂ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10