စစ်တပ်ကမီးရှို့လို့ မတ္တရာနယ် ဆောက်ချုံပေါက်ကျေးရွာက ၁၀အိမ်ကျော်မီးလောင်

စစ်တပ်ကမီးရှို့လို့ မတ္တရာနယ် ဆောက်ချုံပေါက်ကျေးရွာက ၁၀အိမ်ကျော်မီးလောင်

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီး ဆောက်ချုံပေါက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာမြို့ဘက်ကနေဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနက် ၆ နာရီလောက်မှာ မတ္တရာမြို့ရဲ့ အနောက်ဘက်က တောပု၊ မာရဘင်ကျေးရွာတွေဘက်က စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။

"စစ်ကြောင်းကနေ မတ္တရာမြို့ရဲ့အနောက်ဘက် အောက်ကင်းအလည်ရွာကဒေသခံတဦး ဖမ်း ဆီးသွားတယ်လို့တော့သတင်းကြားတယ်။ကျွန်တော်တို့အတည်ပြုလို့မရသေးပါဘူး"လို့ ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နောက်ထပ်စစ်ကြောင်းတကြောင်းက မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာဘက်ကို ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"တောပုရွာဘက်ကိုဝင်တဲ့စစ်ကြောင်းက ဆောက်ချုံပေါက်ကျေးရွာဘက်ကိုပြန်လာပေါင်းတယ်။ ပေါင်းပြီးတော့ ရွာကိုမီးရှို့ပြီး အခု ရွှေချောင်းရွာဘက်ကိုထွက်သွားတယ်။ မတ္တရာမြို့ထဲကိုပြန်ဝင်မယ်လို့ယူဆရတယ်" လို့ မတ္တရာ မြို့နယ်အနောက်ခြမ်းမှာနေထိုင်တဲ့ ဒေသခံ ကိုတိုးကြီးက ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က နေ့စဥ်နီးပါးစစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ဇန်နဝါရီလ ပထမပတ်အတွင်း စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကလေးငယ်တဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ပုံစာ-ဆောက်ချုံပေါက်ရွာ မီးရှို့ခံနေရစဉ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မတ္တရာမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်းထိုး #ဆောက်ချုံပေါက်ကျေးရွာ #မီးရှို့ဖျက်ဆီး #နေအိမ် #မီးလောင်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10