စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်လို့ ဒေသခံ ၅ ဦးဒဏ်ရာရ

စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်လို့ ဒေသခံ ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက မတ် ၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မတ် ၈ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ ခမရ ၄၃၉ က တပ်သားတွေနဲ့ ကွင်းချောင်းဝမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေက အုန်းပင်စု၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ ရေလဲ၊ အညာစု ကျေးရွာတွေဘက်ကို လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့ရာ ရေလဲကျေးရွာထဲကို ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီးကျလို့ ရေလဲကျေးရွာနေ မအိအိ ၃၉ နှစ်၊ တီးမောင်ချစ် ၅၉ နှစ်၊ နော်နွယ်ဖော ၂၄ နှစ်နဲ့ စောကပေါ်ထူး ၃၂ နှစ်တို့ရဲ့ ခြေထောက်နဲ့လက်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အလားတူ မနက် ၉ နာရီခန့်မှာ နတ်သံကွင်းရှိ စစ်ကောင်စီတပ်သားတွေက ရင်းတိုက်ကုန်းကျေးရွာထဲ ကို ဒရုန်းနဲ့ဗုံး ၄ လုံးကြဲချခဲ့ရာ ရွာသား ဦးစောတက်စိန် ၇၃ နှစ် ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

မတ် ၄ ရက်ကလည်း မရမ်းစိန်းကျေးရွာထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကျရောက်ပေါက်ကွဲလို့ သက်ကြီးအမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးပြင်းထန် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော်က မတ်လပထမပတ်ကတည်းကစတင်ပြီး ကျောက်ကြီး မြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် အုန်းပင်စု၊ ငနွားဆိပ်၊ အညာစု၊ မရမ်းစိန်း၊ နှောင်ကုန်းကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၈ ရွာက ဒေသခံ ၁ သောင်း ကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #ပစ်ခတ် #ဒေသခံထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10