သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာမှာ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်ခံရလို့ ပြည်သူ ၂ ဦး ထိခိုက်ကာ အိမ် ၅ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက် မနေ့ နေ့လည် ၂ နာရီကျော်က မုံရွာ နမခကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ ချင်းတွင်းမြစ်တဖက်ကမ်းက ဦးသာပုံကိုင်းကျေးရွာကို ရောက်ချိန် ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"ဦးခေါင်းထိသွားတဲ့လူက ကျောင်းဆရာ၊ သူ့အိမ်ကို ကျောင်းကနေ ခဏဆိုပြီး ပြန်သွားတုန်း အိမ်ရောက်တော့ ထိသွားတာ၊ ကျောင်းမှာလည်း ကလေးတွေက လက်နက်ကြီးသံကြားတော့ ဗုံးခိုကျင်းတွေထဲ အလုအယက်ဝင်ပုန်းကြရတယ်၊ အကြောက်လွန်ပြီး ငိုတဲ့ကလေးတွေကတော့ ငိုနေကြတာပေါ့" လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
ကျောက်မှော်ရွာက အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးကတော့ ဦးခေါင်းကို လက်နက်ကြီးစ ထိမှန်ကာ စိုးရိမ်ရပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးကတော့ ညာဘက်လက်မှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာထဲက နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားကတော့ နီးစပ်ရာဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ဒေသခံတွေနဲ့ ဆက်သွယ်ကာ သတင်းမေးမြန်းနေတဲ့ မနေ့ ညနေ ၅ နာရီခန့်မှာပဲ မုံရွာ နမခရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ရှပ်ပြေးတောင်ကနေ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့ကာ ကျောက်မှော်ကျေးရွာရဲ့ တရွာကျော်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ကျောက်မှော်ကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၄ ဦး ထိခိုက်ကာ ၈၉ နှစ်အရွယ် အဖွားအို ၁ ဦးကတော့ ဘယ်လက် ၁ ဖက် ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ကျော်စွာ၊ စာတည်း - ချယ်ရီ
#မြေလတ်အသံ
#ယင်းမာပင် #ကျောက်မှော် #လက်နက်ကြီး #ထိခိုက် #နမခ #ဒဏ်ရာရ
Share Share Share