စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တောင်ဘက်အထွက် မုဒ်ပေါက်ကနေ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက နေသိရပါတယ်။

ရွှေဘိုမြို့နယ်ကနေ ဝက်လက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အောက်တိုဘာ ၁၅ ရက် မနေ့က ရွှေဘိုမြို့မုဒ်ပေါက်ကနေပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ယင်းမာကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ကိုစိုးညီဝင်းကို ကျည်ထိမှန်ခဲ့ပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် နောက်ထပ်လက်နက်ကြီးကျည်တွေက အောင်ချမ်းသာ ကျေးရွာအတွင်းကို ကျရောက်ခဲ့ပြီး ကျေးရွာထဲက ဒေသခံအမျိုးသား၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

"အောင်ချမ်းသာရွာထဲက အမျိုးသား ၂ ဦးက လက်နက်ကြီးက ထန်းပင်ကိုထိပြီး သူတို့က အပိုင်းအစမှန်တာလို့ သိရပါတယ်။ ဒဏ်ရာ မစိုးရိမ်ရပါဘူး" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့ညက ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ကိုရောက်လာပြီး ဒီနေ့မနက်ပိုင်းမှာ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းတွေကြောင့် စစ်ကိုင်း-ရွှေဘိုကားလမ်းကို အသုံးမပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #ဝက်လက်မြို့ #စိုင်နိုင်ကွေ့ #လက်နက်ကြီး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10