သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးမြို့၊ မန္တလေးကျုံးပတ်ဝန်းကျင်မှာ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက "မန်းမြေက အရှိန်မပျက် လူထုတိုက်ပွဲ"ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုထံက သိရပါတယ်။
ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းမှာ မန္တလေးကျုံး အနောက်တံခါးပေါက်က စည်ရှည်တံတားအနီး၊ မြောက်ဘက်ကျုံးနံဘေးနဲ့ ကျုံးမြို့ရိုး အင်္ဂါထောင့်မှာပါ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
"မြို့ပေါ်မှာ ကျွန်တော်တို့ သပိတ်အင်အားစုတွေအနေနဲ့ ရရာနည်းနဲ့ ဆက်လက်လှုပ်ရှားမှုတွေပြုလုပ်နေသလို မြို့နေလူထုအနေနဲ့လည်း သွေးမအေးဖို့၊ အတူတူရုန်းပြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုပါ။ စကစဘက်က လုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကနေ အခက်ခဲတွေအများကြီးကြားက လုပ်ခဲ့ရတာပါ။"လို့ မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်သူတွေကတော့ တော်လှန်ရေးအပေါ်မှာ စိတ်ပါဝင်စားမှု လျော့နည်းသွားတာမျိုးမရှိဘဲ စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ဖိနှိပ်ထားတဲ့ကြားကနေ ရရာနည်းလမ်းတွေနဲ့ ပါဝင်နေကြဆဲလို့ဆိုပါတယ်။
လူထုတိုက်ပွဲသပိတ်ပြုလုပ်ရာမှာတော့ "လာပါ ငါတို့အတူရုန်းမယ်" ၊ "ငုံ့မခံနဲ့တုံ့ပြန်ကြ" ၊ "မန္တလေးမြို့တော်လွတ်မြောက်ဖို့ မန္တလေးသားတွေအားလုံးတာဝန်ရှိတယ်" စတဲ့စာသားတွေကို A4 စာရွက်ပေါ်ရေးသားပြီး စာရွက်တွေကို အများပြည်သူမြင်သာတဲ့နေရာတွေမှာကပ်ကာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးမြို့ပတ်ဝန်းကျင်ထိ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က မန္တလေးမြို့ပေါ်မှာ လုံခြုံရေးတွေ နေရာစုံမှာတိုးမြှင့်ချထားသလို စစ်ဆေးမှုတွေတင်းကျပ်ပြီး စစ်မှုထမ်းဖို့အတွက် နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးလာတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မန္တလေး #မန္တလေးကျုံး #လူထုတိုက်ပွဲ #သပိတ်အင်အားစု
Share Share Share