စစ်တပ်ကို ကြောက်လို့ PDF ထဲ ဝင်တာ မဟုတ်ဘူး ဆိုတဲ့ ရဲမေ

အသက် ၂၅ နှစ်ကျော် အမျိုးသမီးတယောက်ဟာ ရန်ကုန်မှာ အလုပ်လုပ်နေရင်း အာဏာသိမ်းဖြစ်စဉ်ထဲ ကြုံတွေ့လိုက်ပါတယ်။ အဲ့ဒီမတိုင်မီက သူ့သူငယ်ချင်းတွေနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန် လုပ်နေခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ ဝင်ငွေပိုကောင်းတဲ့ နိုင်ငံရပ်ခြားဆီထွက်ပြီး အလုပ်လုပ်ကြဖို့အထိ ရည်ရွယ်ထားကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၂၀၂၁ စစ်ကောင်စီ အာဏာသိမ်း ရိုက်ခပ်မှုက သူတို့သူငယ်ချင်းတသိုက် ရည်မှန်းချက်ကို ရိုက်ချိုးခဲ့သလို အဲဒီတုန်းက ဆန္ဒပြပွဲမှာ လိုက်သွားကြလို့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းတာမှာ သူ့သူငယ်ချင်းထဲက တယောက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အခုတော့ သူမ ကျောက်လုံးကြီး PDF မှာ ထောက်ပို့ရဲမေ ဖြစ်နေပါပြီ။ သူ PDF ထဲကို ဘယ်လိုရောက်သွားခဲ့တာလဲ၊ တော်လှန်ရေးခရီးကြမ်းထဲက ဖြတ်သန်းခဲ့ရတဲ့ အကြောင်းအရာတွေကို မြေလတ်အသံ ရုပ်သံမှာ တင်ဆက်ထားပါတယ်။

 

သတင်း နှင့် တည်းဖြတ် - ငြိမ်းဇော်

#အမျိုးသမီးကဏ္ဍ # မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10