စစ်တပ်က ဒေသခံ ၂ ဦးကိုသတ်ပြီး ကျော်ဇေယျာရွာက နေအိမ် ၈ လုံးကို မီးရှို့

စစ်တပ်က ဒေသခံ ၂ ဦးကိုသတ်ပြီး ကျော်ဇေယျာရွာက နေအိမ် ၈ လုံးကို မီးရှို့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၈ ရက် ည ၅နာရီကျော် ဝင်ရောက်ကာ အမျိုးသား ၂ ဦးကိုသတ်ပြီး လူနေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၆၀ ကျော်ပါတဲ့ တပ်မ ၃၃ မှ စစ်ကောင်စီတပ်သားတွေက ဆားတောင်မြို့ကနေ အုန်းတောကျေးရွာရှိ အမှတ် ၅၀၀၆ အမြောက်တပ်ကို ပြန်လာချိန် မန္တလေး-ရွှေဘိုကားလမ်းမဘေးမှာရှိတဲ့ ကျော်ဇေယျာကျေးရွာကို ဝင်ရောက်ပြီး လူသတ်မီးရှို့ခဲ့တာလို့ဆိုပါတယ်။

"အသတ်ခံရတဲ့ ၂ ယောက်က ဖမ်းခံရပြီးမှ ပစ်သတ်သွားတာ။ ပြီးမှနေအိမ်တွေကို မီးရှို့တာ။ ညတော့ မအိပ်ခဲ့ဘူး" လို့ စစ်ကိုင်းမြို့နယ်မှ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အသတ်ခံရသူ ၂ ဦးမှာ အမည်မသိရတဲ့အသက် ၅၀ အရွယ်အမျိုးသားနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ကျော်ဇေယျာကျေးရွာက လူနေအိမ်တွေကို မီးရှို့ပြီးနောက် ညတွင်းချင်း အုန်းတောကျေးရွာအမြောက်တပ်ကို ထွက်ခွာသွားခဲ့ပြီး အဲ့ဒီကနေတဆင့် တပ်မ ၃၃ကို ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ကျော်ဇေယျာကျေးရွာက မီးရှို့ခံလိုက်ရသည့် လူနေအိမ်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့နယ် #ကျော်ဇေယျာကျေးရွာ #စစ်ကောင်စီတပ် #ဒေသခံ #သတ်ဖြတ် #နေအိမ် #မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10