စစ်တပ်က လေကြောင်းရော လက်နက်ကြီးနဲ့ပါပစ်လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးသေဆုံး

စစ်တပ်က လေကြောင်းရော လက်နက်ကြီးနဲ့ပါပစ်လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေနေတဲ့ နေရာကို လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ကောလင်းမြို့နယ်၊ ကျွန်းလှခုံကျေးရွာကနေ စစ်ပြေးရှောင်လာတဲ့ မောင်သော်ဇင်မင်းသန့် အသက် ၆ နှစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနေ့ကမနက် ၁၀ နာရီခွဲဝန်းကျင်မှာ မြစ်ကြီးနားဘက်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့တာကြောင့် အထက်ပါကလေးငယ်သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရကာ အဲ့ဒီထဲက ၃ ဦးကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ကမနက်ပိုင်းကပဲ ဝန်းသိုမြို့ပေါ်ကနေ ဂျိုးတောင်ရွာ ဈေးသစ်ဘက်ကို စစ်ကောင်စီ တပ်တွေက ဟောင်‌ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့ပါတယ်။ 

“ဟောင်ဝစ်ဇာကြောင့်ထိတဲ့ ကလေးမလေးက ဆေးကုနေရင်း ညနေ ၃နာရီလောက်ကျ ဆုံးသွားတယ်၊ အဲ့ဒီနေရာတွေက တိုက်ပွဲ မဖြစ်ဘူး၊ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အဲ့ဘက်ကို လေကြောင်းနဲ့ကြဲတာ၊ နောက်ပြီးတော့ ဟောင်ဝစ်ဇာနဲ့ပါ ဆက်ပစ်တာ။”လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

နန်းခမ်းနဲ့ ဂျိုးတောင်ရွာဟာ ရွာချင်းကပ်ရက်တွေဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ကာ ပြည်သူတွေသတ်ဖြတ်ခံရလေ့ရှိပေမယ့် အခုရက်ပိုင်းမှာတော့ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတာလို့ သိရပါတယ်။ 

ဒါ့အပြင် ဝန်းသိုနဲ့ ၁၁ မိုင်သာကွာဝေးတဲ့ ကောလင်းမြို့မှာလည်း ဖေဖော်ဝါရီ ၃ ရက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေပြီး ၂ ဖက် သေဆုံးမှုတွေရှိနေကာ ဖေဖော်ဝါရီ ၄ ရက်က ရဲဘော် ၄ ဦး၊ ဖေဖော်ဝါရီ ၅ ရက်မှာ ရဲဘော် ၂ ဦးနဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ရဲဘော် ၂ ဦး ကျဆုံးထားတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝန်သို #စစ်ကောင်စီ #လက်နက်ကြီးပစ် #ကလေးငယ်သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10