စစ်တပ်က အရပ်သားကားတွေနဲ့ သွားလာနေလို့ PDF က သပိတ်ကျင်း - ဗန်းမော်လမ်းပိုင်းကို ညပိုင်းအသုံးပြုခွင့်ပိတ်

စစ်တပ်က အရပ်သားကားတွေနဲ့ သွားလာနေလို့ PDF က သပိတ်ကျင်း - ဗန်းမော်လမ်းပိုင်းကို ညပိုင်းအသုံးပြုခွင့်ပိတ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက သပိတ်ကျင်း-ဗန်းမော်ကားလမ်းပိုင်းကို မေ ၂၆ ရက် ဒီနေ့ကစလို့ နေ့ပိုင်းသာသွားလာခွင့်ပြုမည်ဖြစ်ပြီး ညနေ ၆ နာရီမှ မနက် ၆ နာရီအချိန် သွားလာခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ်(ပကဖ)က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကားလမ်းပိုင်းမှာ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားနေကာ ပြည်သူတွေရဲ့ကားတွေကို အသုံးပြုသွားလာနေတာကြောင့် တိုက်ပွဲဖော်ဆောင်ချိန် ပြည်သူကားတွေနဲ့ မမှားရအောင် အခုလိုပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။


"ဒီလိုကန့်သတ်တာတွေကို ဒေသခံပြည်သူတွေ အနေနဲ့လိုက်နာမှုအားနည်းတယ်။ လိုက်နာမှု အားနည်းတော့ ကျနော်တို့တွေအနေနဲ့က လုပ်ငန်းဖော်ဆောင်ရာမှာ နှောင့်နှေးကြန့်ကြာမှုအပြင် ပြည်သူတွေနစ်နာမှု မဖြစ်စေဖို့ လက်လွှတ်လိုက်ရတဲ့အလုပ်တွေ။ ငွေကြေး၊ အချိန်တွေပေးဆပ်ထားပြီးလုပ်ရတော့ ကျနော်တို့အတွက် နစ်နာစေတာပေါ့"လို့ သူက ဆက်ပြောပါတယ်။ 


ကားလမ်းမတွေကို အခုလို သွားလာမှုကန့်သတ်တာနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ လိုက်နာမှုအားနည်းနေ တာကြောင့် ဒီနေ့ထုတ်ပြန်ချက်ဟာ(မန္တလေး-သပိတ်ကျင်း-ဗန်းမော်ကားလမ်း)နောက်ဆုံး အကြိမ်ထုတ်ပြန်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ 


ပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စဖြစ်ကာ သွားလာရမယ်ဆိုပါက ကားမှန်ချမောင်းနှင်ကြရန်၊ ပရဟိတကားနဲ့ လူမှုကူညီရေးကားတွေအနေနဲ့  သာသနာ့အလံထောင်ပြီး မောင်းနှင်ကြရန်၊ လုပ်ငန်းသုံးယာဉ်ယန္တရားတွေ အနေနဲ့လည်း ကားအလုံပိတ်တာ၊ မိုးကာအုပ်ပြီး မောင်းနှင်တာမျိုး မပြုလုပ်ကြရန် အထူးမေတ္တာရပ်ခံအပ်တယ်လို့ ဖော်ပြထားပါတယ်။


ဒိလိုအသိပေး ထုတ်ပြန်ကြေညာချက်တွေကို မလိုက်နာဘဲ အကြောင်းကိစ္စတစုံတရာ ပေါ် ပေါက်လာပါက ဖြစ်ပေါ်လာမယ့် နောက်ဆက် တွဲ ကိစ္စအရပ်ရပ်ကို မိမိတို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့လုံးဝတာဝန်ယူ‌ဖြေရှင်းပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ပုံစာ - ရှေ့တန်းတနေရာက သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ
#သပိတ်ကျင်းဗန်းမော်ကားလမ်း #လမ်းပိတ် #သပိတ်ကျင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10