စစ်တပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၂ ပွင့်ဗိုလ်အပါ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် ၆ လမ်းထိပ်မှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက အလစ်အငိုက်ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ်နဲ့ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စက်မှုဇုန်ထဲမှာ အင်အား ၃၀ နီးပါးနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဩဂုတ် ၁၈ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ဒီဂိတ်ကို သွားရောက်ပစ်ခတ်ဖို့ ပြီးခဲ့တဲ့ တလလောက်ကတည်းက ကြိုတင်စီစဉ်ခဲ့တာလို့ Southern Yesagyo PDF ဆိုပါတယ်။ 

"ဂိတ် အနီးအနားမှာ ကင်းပုန်းဝတ်တဲ့ပုံစံမျိုး စောင့်နေတဲ့ ** ၂ ကောင်ကို ကျနော်တို့ လက်ဦးမှုယူပြီး မီတာ ၅၀ အကွာကနေ ပစ်သတ်နိုင်ခဲ့တယ်။ ဘန်ကာနားမှာထိုင်နေတဲ့ ၂ ပွင့်ဗိုလ်လည်းမှန်တယ်။ မှန်ပြီးပြီးချင်း ပခုက္ကူသပြေညိုဆေးရုံမှာ တက်ရောက်ကုသတယ်၊ ညက သေသွားတယ်။ ကျနော်တို့ သတ်ချင်နေတဲ့ ပျူကောင် ခြေထောက်မှန်တယ်၊ အဲ့ဒီကောင်ကတော့ မသေဘူး၊ ဆေးကုနေတယ်၊" လို့ Southern Yesagyo PDF ခေါင်းဆောင်ဗိုလ်အောင်မောင်းက ပြောပါတယ်။

အဲ့ဒီဂိတ်က စစ်အုပ်စုဟာ တပ်မ ၁၀၁ စစ်သားတွေလို့ သိရပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ပွင့်ဗိုလ်တဦးအပါအဝင် စစ်သား၂ ဦးသေဆုံးခဲ့သလို ပျူစောထီးတယောက်လည်း ဒဏ်ရာပြင်းကာ အဲ့ဒီနေ့က ပစ်ခတ်မှုအတွင်း သေဆုံးသူတွေရဲ့ စစ်လက်နက်ကိုတော့ မကောက်နိုင်ခဲ့ဘူးလို့လည်း  ဆိုပါတယ်။

"အဲ့ဒီမှာ တပ်စွဲထားတာက ပခုက္ကူတပ်မ ၁၀၁ ကစစ်သားတွေပါ။၂ နာရီလောက်ကနေ ပစ်ခတ်ခဲ့တာ။ ကြာတာကတော့ ၄၅ မိနစ်ကြာတယ်။ ၂ ယောက်လဲကျပြီး သေဆုံးတယ်။" လို့ ပစ်ခတ်မှုမှာပါဝင်တဲ့ ပူးပေါင်းအဖွဲ့ထဲက Yesagyo Revolution Group YRG တာဝန်ခံ ကိုပါးသိုင်းက ပြောပါတယ်။

မနေ့က ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီဘက်က ကား ၁၀ စီးနဲ့ အင်အားတွေ ထပ်တိုးထားသလို ကားလမ်းတွေပိတ်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို ရိုက်နှက်စစ်ဆေးတာတွေလုပ်ကာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #တပ်မ၁၀၁ #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10