စစ်တပ်တပ်စွဲထားတဲ့နေရာ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံး ၃ ဦးဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မတ်လ ၉ ရက် ညနေပိုင်း ၅ နာရီမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက် ၃ ဦး သေဆုံးသွားတယ်လို့ Southern YSO PDF ခေါင်းဆောင် ဗိုလ်အောင်မောင်းက ပြောပါတယ်။ 

ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေလို့ သိရပြီး အင်အား ၄၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ပခုက္ကူမြို့နယ်ထဲက ဘုန်းကံရွာကို ကာကွယ်ရေးအဖွဲ့တွေက ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို Southern YSO PDF၊ YRG ၊ ဒေါင်းစစ်သည်၊ ဒေါင်းညီနောင်၊ ဒေါင်းသွေးနီ၊ Shwe Nyar Myae PDF၊ King Cobra (ပခုက္ကူခရိုင် ရင်း ၂ တပ်ခွဲ ၃)၊ ညီနောင်သုံးဖော်၊ Royal Defense Force၊ PKU Ranger နဲ့ Royal PKU Underground အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

မတ်လ ၇ ရက်နဲ့ ၉ ရက်မနက်ကလည်း ပခုက္ကူမြို့နယ် ကျောက်လှေခါးကျေးရွာအနီးရှိ GTC ကျောင်းမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို Southern YSO PDF အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10