စစ်တပ်ထောက်ခံပွဲလုပ်သူတွေ ကားပေါ်က မဆင်းရဲ (ရုပ်/သံ)

ပဲခူးမြို့အတွင်းမှာ စစ်တပ်နဲ့ရဲက လုံခြုံရေးယူပေးနေတဲ့ကြားက စစ်တပ်ထောက်ခံပွဲလုပ်သူတွေ ကားပေါ်ကမဆင်းရဲကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် မနက် ၇ နာရီကနေ ၉ နာရီခွဲကျော်ထိ ပဲခူးမှာ စစ်တပ်ထောက်ခံသူတွေက ကား ၈ စီး၊ လူအင်အား ၈၀ လောက်နဲ့ ပဲခူးရွှေမောဓောဘုရားနားကစပြီး မြို့တွင်းလှည့်လည်ကာ စစ်တပ်ထောက်ခံပွဲ လုပ်ခဲ့ကြတာပါ။

အဲ့ဒီလို ထောက်ခံပွဲလုပ်​နေချိန်မှာ စစ်တပ်၊ ရဲနဲ့ ယာဥ်ထိန်းတွေက လုံခြုံရေးယူ၊ လမ်းကြောင်းရှင်းပေးနေတာတောင် ထောက်ခံပွဲလိုက်ပါလာသူတွေက ကားပေါ်က မဆင်းရဲသလို ကြွေးကြော်သံတွေကို တက်ကြွစွာ အော်ဟစ်တာမရှိဘဲ ဝတ်ကျေတန်းကျေသာပြောဆိုပြီး ကားပေါ်မှာထိုင်ပြီး လိုက်ပါနေကြတယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံကြောင်း ကားနဲ့မြို့တွင်းလှည့်လည် အော်ဟစ်နေချိန် ဒေသခံတွေက ရပ်ကြည့်သူမရှိဘူးလို့ မြို့ခံကပြောပါတယ်။

ထောက်ခံပွဲမှာ ပဲခူးမြို့ပေါ်နဲ့ကျေးရွာအချို့က ကြံ့ခိုင်ရေးပါတီဝင်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေသာ ပါဝင်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်က ပဲခူးမြို့၊ ဥဿာမြို့သစ် ရပ်ကွက်(၅) ဘောလုံးကွင်းမှာ စစ်တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီး ဗုံးတွေ့တယ်လို့ဆိုကာ ကျောင်းသားမိဘအချို့က ကလေးတွေကို အိမ်ပြန်ခေါ်ခဲ့ကြပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကောင်စီ #ထောက်ခံပွဲ #ကြံ့ခိုင်ရေးပါတီ #ရပ်ကျေး #အုပ်ချုပ်ရေး #ပဲခူးမြို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10