စစ်တပ်နဲ့ပူးပေါင်းနေတဲ့ SNA တပ်ကို ရှမ်းနီလူငယ်တွေဆန္ဒပြ

စစ်တပ်နဲ့ပူးပေါင်းနေတဲ့ SNA တပ်ကို ရှမ်းနီလူငယ်တွေဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နေ ဒေသခံရှမ်းနီလူငယ်တွေက စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် - SNA တပ်ကို ဆန့်ကျင်တဲ့အိမ်တွင်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။ 

နိုဝင်ဘာ ၂၉ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး "SNA သည် ရှမ်းနီလူထုကို ကိုယ်စားမပြု" စတဲ့ စာတန်းအပါအဝင် ဆန့်ကျင်ရေးဆောင်ပုဒ်တွေ ရေးသားထားတဲ့ ကတ်ပြားတွေကို ကိုင်ဆောင်ပြီး သပိတ်ပြုလုပ်ခဲ့ကြတာပါ။ 

ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခဏတိုက်ပွဲဖြစ်နေပြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ကာကွယ်ရေးတပ်တွေက အောက်တိုဘာ ၂၃ ရက်မှာ သိမ်းယူထားနိုင်တာ ဖြစ်ပါတယ်။ 

ဓါတ်ပုံ - CJ

#မြေလတ်အသံ

#စစ်ကိုင်း #ဟုမ္မလင်း #SNA #ဒေသခံ #ဆန္ဒပြ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10