စစ်တပ်ပစ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ ကိုယ်ဝန်သည်တဦး ကိုယ်ဝန်ပျက်ကျ

စစ်တပ်ပစ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ ကိုယ်ဝန်သည်တဦး ကိုယ်ဝန်ပျက်ကျ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပလောင်ရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ကိုယ်ဝန်သည်တဦး ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းအဖွဲ့ကတဆင့် သိရပါတယ်။

သြဂုတ် ၁၄ ရက် မနေ့ကနေ့လယ် ၂ နာရီကျော်မှာ မုံရွာအရှေ့ဘက်ကမ်း Ocean Center အနီးကနေ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၂ လုံးက ပလောင်ရွာထဲကို ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“အမျိုးသမီးရဲ့ ဆီးခုံအထက်ကို (လက်နက်ကြီး)အစမှန်တာ။ ကိုယ်ဝန်ဆောင်နဲ့ဆိုတော့ ဆေးရုံသွားပြတာပေါ့။ ကလေးက အနေထားလမ်းကြောင်းလွဲပြီးတော့ အဖတ်မတင်ဘူးဖြစ်သွားတာ။ လူကြီးအသက်ကိုပဲ ရအောင်ကယ်လိုက်တော့တာ။” လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းအဖွဲ့ဝင် ကိုအောင်ခန့်ဇော်က ပြောပါတယ်။

လက်နက်ကြီးထိမှန်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ကူးတို့ကုန်းရွာဇာတိဖြစ်ပြီး အသက်အန္တရာယ်ကတော့ စိတ်ချရတဲ့အနေထားမှာရှိနေပြီး အခုလက်ရှိ ဆေးရုံတင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ 

မုံရွာမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူရှိတဲ့နေရာတွေကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်ကလည်း မုံရွာမြို့၊ ထနောင်းတောတောင်ရွာက စျေးတန်းအလယ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ပြည်သူ ၁၁ ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #လက်နက်ကြီးထိ #ကလေးသေဆုံး #ကိုယ်ဝန်သည် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10