စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ကလေး ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ ကလေး ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းကန်ရွာမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး ၁ ဦးအပါအ၀င် ၄ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ အရာတော်မြို့နယ်၊ စပါးတွင်းရွာကနေ စစ်သားနဲ့ပျူ‌စောထီးတွေက မင်းကန်ရွာဘက်ကို ၆၀ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ရွာထဲကို ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်။

"ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ ဒီအတိုင်းသက်သက်မဲ့ကြီး လှမ်းပစ်တာ။ ရွာထဲအိမ်မှာနေသူတွေ ထိသလို ယာခင်းထဲ အလုပ်လုပ်နေသူတွေလည်း ထိသွားတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ မောင်တရုတ်ကြီး ၁၁ နှစ်၊ ကိုဖြိုး ၂၈ နှစ်၊ ဦးဝင်းခိုင် ၅၀ နှစ်နဲ့၊ ဦးမြင့်လွင် ၆၅ နှစ် တို့ဟာ နံဘေး၊ လက်၊ ခြေထောက်တွေမှာ ဒဏ်ရာတွေရသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက ဝက်လက်ဆေးရုံကို ပို့ဆောင်ပေးပြီး ဆေးကုသပေးနေရပါတယ်။ 

ဒါ့အပြင် လက်နက်ကြီးရန်ကြောင့် ဒေသခံတွေလည်း ညဘက်တွေ မအိပ်ရဲဘဲ ကြောက်လန့်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၀ ရက်ကလည်း ဝက်လက်မြို့နယ်၊ စိုင်းနိုင်လေးကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သား ၁ ဦးထသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #၀က်လက် #မင်းကံ #လက်နက်ကြီးပစ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10