သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကဇင်းပင်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး ဒေသခံ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၁၄ ရက်မနက် ၁၁ နာရီလောက်မှာ ရွှေကျင်ဗျူဟာနဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ကဇင်းပင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ထိမှန်သေဆုံးခဲ့တာပါ။
"လက်နက်ကြီးထိသူတွေက အိမ်တွေထဲမှာရှိနေတာ။ လက်နက်ကြီးတွေက အိမ်တွေပေါ်ကျ၊ ထိတဲ့သူတွေက ခြေပြတ်လက်ပြတ်တွေ ဖြစ်ကုန်တာ။ နှစ်ယောက်လောက်ပဲ နည်းနည်းပါးပါး ထိတာ"လို့ ဒေသခံတဦးကပြောပါတယ်။
လက်နက်ကြီးထိလို့ ကဇင်းပင်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ကိုရဲ ဆိုသူ လက်နက်ကြီးထိမှန်ပြီး နေရာတင်သေဆုံးပြီး ဦးငွေစိုး ၄၆ နှစ်၊ မထူးဝါးဖော ၂၆ နှစ်၊ ဒေါ်ခင်အေး ၆၂ နှစ်၊ ဒေါ်စန်းစန်း ၄၆ နှစ်တို့ဟာ ခြေထောက်၊ လက်နဲ့ခန္ဓာကိုယ်တွေမှာ ဒဏ်ရာရပြီး နေအိမ် ၃ လုံးလည်းပျက်စီးခဲ့ပါတယ်။
ဇွန် ၆ ရက်ကလည်း ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်ရှိ အဟောင်းပစ္စည်းဝယ်ယူတဲ့ လုပ်ငန်းခွင်ထဲ လက်နက်ကြီးကျလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရွှေကျင် #စစ်ကောင်စီ #လက်နက်ကြီး #ဒေသခံ #သေဆုံး
Share Share Share