စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရာရ

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအုပ်စု၊ အလှိုင်ကျေးရွာမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ည ၇ နာရီခန့်မှာ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တလုံးဟာ အလှိုင်ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"လက်နက်ကြီးက အိမ်တွေကြားထဲကို ကျတာ။ နေအိမ်တွေထဲမှာ ရှိတဲ့ သူတွေထိကုန်တာ။ အနားကပ်ကျတဲ့ အိမ်က လူကတော့ သေသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မနက်အစောပိုင်းမှာ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းဘူတာနားမှာ မီးရထား မိုင်းခွဲခံရတာနဲ့ပတ်သက်ပြီး ကျေးရွာတွေမှာ PDF တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၄၅ နှစ်အရွယ် ဦးဒေဝဆိုသူဟာ နေရာမှာပဲ သေဆုံးပြီး ဦးနှာပေ ၅၁ နှစ်၊ ဦးဖိုးဆိတ် ၇၅ နှစ်၊ မောင်ဒန်တို ၂၀ နှစ်တို့ဟာ လက်၊ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ ပေါင်တွေမှာ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် ဒဏ်ရာရသူတွေကို ဒေသခံတွေက နီးစပ်ရာဆေးရုံပို့ထားပေးသလို သေဆုံးသွားသူကိုတော့ ဒီဇင်ဘာ ၁၄ ရက်မှာ သင်္ဂြိုဟ်တဲ့ကိစ္စတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနဲ့ နွားရေချောင်းကျေးရွာတွေမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ထောင်ထားတဲ့နင်းမိုင်းကြောင့် ပြည်သူ ၁ ဦးသေ၊  ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #တောင်ခင်ကျေးရွာ #လက်နက်ကြီး #စစ်ကောင်စီ #အလှိုင်ကျေးရွာ #ပြည်သူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10