သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်နဲ့ ရွှေကျင်(ဆောထိ)နယ်အစပ်ရှိ ရေဖြူကန်ကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၄ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၅ ရက် မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ ညောင်လေးပင်အခြေစိုက် ခမရ ၂၀ တပ်ရင်းက ကျေးရွာတွေဘက်ကို လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ရေဖြူကန်ကျေးရွာက နာရေးလုပ်နေတဲ့ နေအိမ်ပေါ်ကို ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
" နာရေးအတွက်ချက်ပြုတ်နေကြချိန် လက်နက်ကြီးက နေအိမ်ပေါ်ကိုတည့်တည့်ကျလာတာ။ နာရေးမှာ လာဝိုင်းလုပ်နေသူတွေ ထိခိုက်ကုန်တာ၊ ကလေးတွေလည်းပါတယ်” လို့ ညောင်လေးပင်နယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ရေဖြူကန်ကျေးရွာနေ မ စန်းပို ၅၅ နှစ်၊ ဦးညွန့်တင် ၆၂ နှစ်၊ ကိုဟိန်း ၁၆ နှစ်၊ မအေးမာ ၃၅ နှစ်တို့ဟာ ဗုံးစထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး အမျိုးသမီး ၈ ဦး၊ ကလေး ၁ ဦး နဲ့ အမျိုးသား ၇ ဦး စုစုပေါင်း ၁၆ ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသူတွေအနက်မှာ ၇ ဦးထက်မနည်း စိုးရိမ်ရသူတွေပါဝင်ပြီး ညောင်လေးပင်ဆေးရုံနဲ့ နီးစပ်ရာဆေးခန်းတွေကို ပို့ပြီး ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

ညောင်လေးပင်အခြေစိုက် စစ်ကောင်စီတပ်က ဇန်နဝါရီ ၄ ရက်ကလည်း ဝိုင်သစ်ဆိပ်ကျေးရွာ အတွင်းကို ၁၂၀ မမ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။


စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူးတိုင်း #ညောင်လေးပင် #ဆောထိ #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခတ် #အရပ်သား #သေဆုံးမှု #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း
Share Share Share