စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ယာခင်းထဲအလုပ်လုပ်နေတဲ့ မြေးအဖွား ၂ ဦး ဒဏ်ရာရ

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ယာခင်းထဲအလုပ်လုပ်နေတဲ့ မြေးအဖွား ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ပိန္နဲပင်ကျေးရွာမှာ ဩဂုတ်လ ၃၀ ရက် မနက် ၇ နာရီခန့်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တဲ့အတွက် မြေးအဖွား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပိန္နဲပင်ကျေးရွာနေ ဒေါ်ခင်လှ အသက် ၆၅ နှစ်နဲ့ မြေးဖြစ်သူ မောင်အောင်ပိုင် ၁၇ နှစ်တို့ဟာ ကျေးရွာအနီးယာခင်းထဲမှာ ရှိနေချိန် သူတို့အနီးကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ‌ဒေါ်ခင်လှရဲ့ ညာဘက် ဒူးခေါင်းအောက်နားနဲ့ မောင်အောင်ပိုင်ရဲ့ ဘယ်ဘက်ခြေထောက်မှာ မစိုးရိမ်ရ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 


"တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဘယ်ကပစ်မှန်းမသိတဲ့ လက်နက်ကြီးကျတာ။ ဒဏ်ရာကတော့ မများကြဘူး။ အစမှန်တဲ့ ဒဏ်ရာလောက်ရကြတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒဏ်ရာရသွားတဲ့ မြေးအဖွား ၂ ဦးကို ဒေသခံတွေက ရေတာရှည်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ 

ဩဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းကလည်း ညောင်လေးပင်မြို့နယ်၊ ပျဥ်ရေကြီးကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေတာရှည်မြို့နယ် #ပိန္နဲပင်ကျေးရွာ #လက်နက်ကြီး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10