စစ်တပ်ပတ်ကင်းနဲ့ PDFပတ်ကင်း ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်လို့ PDF ၁ ဦး ဒဏ်ရာရ၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးဟုဆို

စစ်တပ်ပတ်ကင်းနဲ့ PDFပတ်ကင်း ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်လို့ PDF ၁ ဦး ဒဏ်ရာရ၊ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးဟုဆို

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လပါတ်ရွာနဲ့မျက်ရဲ(မြန်မာ)ရွာကြားမှာ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၀ ရက် မနေ့ မနက်ပိုင်းက လပါတ်ရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကနေ ကင်းပတ်ဖို့ထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းနဲ့ KNLA၊ PDF ကင်းအဖွဲ့တို့ ထိပ်တိုက်တွေ့ပြီး မနက် ၈ နာရီကနေ ၉ နာရီအထိ တနာရီအကြာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“PDFတွေက မနက်ခင်းကင်းလှည့်တာ၊ စစ်**တွေကလည်း အရပ်ဝတ်နဲ့ ကင်းလှည့်တာမှာ တိုးတာပေါ့။ ကိုယ့်လူတွေက ရွာသားလို့ပဲထင်ပြီး အမှတ်တမဲ့သွားတဲ့ချိန် သူတို့ဘက်က လှမ်းပစ်တာ။ အဲ့ချိန်မှာ ဒီဘက်ကလည်း ပြန်ပစ်တာပေါ့” လို့ မျက်ရဲဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း ရဲဘော်တွေရဲ့အတည်ပြုချက်အရ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကာ အလောင်းတွေကို ရွာထဲပြန်သယ်သွားပြီး လပါတ်ရွာထဲမှာရှိတဲ့ စစ်ကောင်စီစခန်းကနေ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ကူခဲ့လို့ မျက်ရဲကျေးရွာထဲက‌ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ကာ ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လပါတ်ရွာအတွင်းမှာ ၂၀၂၁ ခုနှစ်ကစလို့ ကျောက်ကြီးအခြေစိုက် ခမရ ၃၅၁ တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပူးပေါင်းအထိုင်ချထားကြတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့  ဇွန်လ ၆ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရဲစခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံးကာ PDF ရဲဘော် ၄ ဦးလည်း သေဆုံးခဲ့ပါသေးတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီတပ် #KNLA #PDF #တိုက်ပွဲသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10