စစ်တပ်ပိုင် ရွှေမန်းသူ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၂၃ ဦးထိခိုက်

စစ်တပ်ပိုင် ရွှေမန်းသူ ခရီးသည်တင်ယာဉ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၂၃ ဦးထိခိုက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၉၂ မှာ စစ်တပ်ပိုင် ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကား တိမ်းမှောက်ပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ အမြန်လမ်း လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အဆိုပါ ခရီးသည်တင်ယာဉ်ကားဟာ နေပြည်တော်ကိုသွားစဥ် စက်တင်ဘာ ၈ ရက် ဒီနေ့လယ် ၁ နာရီခွဲလောက်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ခရီးသည်အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

"သေဆုံးက (မ) ၁ ဦး ၊ စိုးရိမ်ရ ၈ ဦးနဲ့ မစိုးရိမ်ရတဲ့ လူနာက ၁၅ ဦး၊ အားလုံး ၂၃ ဦးရှိပါတယ်"လို့ ကယ်ဆယ်ရေးအဖွဲ့၀င်တဦးက မြေလတ်အသံကို အတည်ပြု ပြောပါတယ်။

လက်ရှိတွင် ဒဏ်ရာရသူတွေကို ဆေးရုံသို့ပို့ဆောင်ထားပြီး အသေးစိတ်အခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။ 

ရွှေမန်းသူယာဥ်လိုင်းဟာ စစ်မှုထမ်းဟောင်းတွေ ဦးစီးလုပ်ကိုင်နေပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလုပ်ငန်းခွဲတခုဖြစ်တဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေး လက်အောက်က ယာဥ်လိုင်းဖြစ်ကာ ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှာ ရွှေမန်းသူ၊ တော်ဝင်၊ ရှမ်းမလေး၊ ရွှေမြိုင်သူ စတဲ့ယာဥ်လိုင်းတွေ ပါဝင်တယ်လို့ စစ်မှုထမ်းဟောင်းအသိုင်းအဝိုင်းထံက သိရပါတယ်။

#မြေလတ်အသံ

#အမြန်လမ်း #မိုင်တိုင်၉၂ #ရွှေမန်းသူ #Express #တိမ်းမှောက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10