စစ်တပ်ယာယီစခန်းတခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေ

စစ်တပ်ယာယီစခန်းတခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ပေါက်ကျေးရွာ ညောင်လေးပင်-ရွှေကျင်လမ်းပေါ်ရှိ စစ်ကောင်စီယာယီတပ်စခန်းတခုတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေတယ်လို့ Fire Dragon PDF ထံက သိရပါတယ်။

မတ် ၂၉ ရက် မနက် ၅ နာရီခန့်မှာ အင်အား ၁၅ ဦးခန့်နေတဲ့ ယာယီစခန်းငယ်ကို KNLAနဲ့ PDF ပူးပေါင်း အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲကျော်ကြာခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့ လူအင်အားနည်းနေလို့ သတင်းအရ သွားတိုက်ကြတာ။ သူတို့ဘက်ကလည်း တော်တော်လေးခံပစ်ကြတယ်။ သူတို့စခန်းသိမ်းကာနီးမှ ရွှေကျင်ဗျူဟာက လက်နက်ကြီးပစ်ကူပေးတာနဲ့ မဒေါက်ဘက်က စစ်ကူလာတာတွေကြောင့် ပြန်ဆုတ်လာရတယ်" လို့ Fire Dragon PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကာ သေဆုံးဒဏ်ရာရသူတွေကို ကျေးရွာကကားတွေနဲ့ ညောင်လေးပင်ဘက်ကို သယ်သွားကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရွှေကျင်ဗျူဟာကနေ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ PDF ထောက်ပို့ ၁ ဦးနဲ့ ရွာသား ၁ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေ တရစပ်ပစ်ခတ်တာကြောင့် ညောင်ပင်ပေါက်၊ ထောင်လောင်း၊ ရှမ်းတဲစုရွာတွေက ဒေသခံရာချီ ထွက်ပြေးနေကြရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ မုက္ခမူတံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦးသေ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - Fire Dragon PDF တပ်ဖွဲ့ဝင်များ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ညောင်လေးပင် #ညောင်ပင်ပေါက်ကျေးရွာ #ရွှေကျင် #စစ်ကောင်စီ #ယာယီတပ်စခန်း #FireDragon #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10