စစ်တပ်ရိက္ခာကားတန်းကို လုံခြုံရေးယူထားတဲ့စစ်ကြောင်း မိုင်းဆွဲခံရပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းခံရ

စစ်တပ်ရိက္ခာကားတန်းကို လုံခြုံရေးယူထားတဲ့စစ်ကြောင်း မိုင်းဆွဲခံရပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ခြေလျင်စစ်ကြောင်းကို စက်တင်ဘာ ၂၇ ရက် ည ၇ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

တွင်းမရွာက ပျူစောထီးတွေကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီရိက္ခာကား ၉ စီးကို လုံခြုံရေးယူပေးထားတဲ့ အင်အား ၂၅၀ ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ညောင်ဂျစ်ပင်ရွာနဲ့ ကန်တော်လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“မိုင်း ၂ လုံးဆွဲခဲ့တယ်၊ ** ၅ ကောင်လောက် သေတယ်။ တော်တော်များများလည်း ဒဏ်ရာရသွားတာ။” လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီသေဆုံးမှုကို မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မျက်မြင်အရအတည်ပြုနိုင်တာဖြစ်ပြီး သေဆုံးအလောင်းတွေကို ရိက္ခာကားပေါ်တင်သွားကြတယ်လို့ ဆိုပါတယ်။ 

ဒီစစ်ကြောင်းအတွင်းမှာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ ကစစ်သားတွေနဲ့ ပခုက္ကူမြို့ပေါ်ကရဲတွေပါဝင်ပြီး တိုက်ခိုက်ခံရပြီးနောက် ခလရ ၂၅၂ ထဲကို ပြန်သွားတယ်လို့သိရကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ 

အဲ့ဒီနောက် တိုက်ခိုက်ခဲ့တဲ့နေရာကို စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ သွေကွက်တွေတွေ့ရပြီး G3 ၁ လက်၊ ၅.၅၆ ကျည် ၃၆၂ တောင့်၊ G3 ကျည် ၃၄ တောင့်၊ MA ကျည်ဘောက် ၁ ခုနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကလည်း မြိုင်မြို့နယ် စက်မှု ၂ ကထွက်လာတဲ့ စစ်သားတွေကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #ရိက္ခာ #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10