စစ်တပ်ရဲ့လက်နက်ကြီးကျည်ထိလို့ တမိသားစုလုံးသေဆုံး၊ ဒဏ်ရာနဲ့အသက်ရှင်ကျန်သူ ဆေးကုစရိတ်ခက်ခဲနေ

စစ်တပ်ရဲ့လက်နက်ကြီးကျည်ထိလို့ တမိသားစုလုံးသေဆုံး၊ ဒဏ်ရာနဲ့အသက်ရှင်ကျန်သူ ဆေးကုစရိတ်ခက်ခဲနေ

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ မိသားစုဝင် ၅ ဦးသေဆုံးကာ ဒဏ်ရာနဲ့ကျန်ခဲ့တဲ့အမျိုးသား ဆေးကုသဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက သုံးဆယ်ပေးကျေးရွာကို စစ်တပ်ကစစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မတ္တရာမြို့ပေါ်ကနေ ဟောင်ဝစ်ဇာနဲ့ပစ်ခတ်ခဲ့သလို ကျေးရွာတွေကိုတပ်စွဲထားတဲ့စစ်တပ်က နေရာစုံကနေ သုံးဆယ်ပေးနဲ့အနီးဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ဝိုင်းပစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအထဲက လက်နက်ကြီးဟာ ဆူးလေကုန်းကျေးရွာကို ကျရောက်ခဲ့ပြီး အခုဒဏ်ရာရထားတဲ့အမျိုးသားရဲ့ ဇနီး၊ ၅ နှစ်အရွယ်နဲ့ နို့စို့အရွယ် သားနှစ်ဦး၊အဒေါ်နဲ့  ၅ နှစ်အရွယ်တူမတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

"လက်နက်ကြီးမှန်တဲ့အထဲ သူပဲအသက်ရှင်တာ။ သူလည်း တကိုယ်လုံးလောင်သွားတော့ ရေရှည်ကုရမှာ။ မလွယ်ဘူး "လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရအမျိုးသားဟာ ဆေးကုသမှုခံယူနေရပြီး ဆေးကုသစရိတ်တွေ လိုအပ်နေတာလို့ သိရပါတယ်။

စစ်တပ်က သုံးဆယ်ပေးကျေးရွာကို တပ်စွဲလိုက်ပြီး မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်တပ် #လက်နက်ကြီး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10