သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်ရွာ အမှတ် ၄ ရပ်ကွက်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့ ၁၂ နာရီဝန်းကျင်က စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက ကလေးနည်းပညာတက္ကသိုလ်(GTC)ဘက်ကနေ တောင်ပိုင်းကကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ရာ ထောက်ကြန့်ရွာအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ထောက်ကြန့်ရွာက အသက် ၅၀ ကျော်အရွယ် ကျောင်းဆရာ ဦးမြင့်တင်ဟာ ဝမ်းဗိုက်ပွင့်ကာ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး ပေါင်၊ ခြေထောက်၊ ကျောဘက်တွေမှာလည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ထောက်ကြန့်ရွာနဲ့နီးစပ်တဲ့ ဒေသခံတဦးက "မနက်ကစ GTC ကနေပစ်တာ။ ထောက်ကြန့်ကျတာ။ ဒေသခံတွေက အကုန်ရှောင်နေကြပြီ။"လို့ ပြောပါတယ်။
ထောက်ကြန့်ရွာဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တာတွေရှိနေသေးတာကြောင့် အိမ်ခြေ ၂,၀၀၀ ကျော်ရှိတဲ့ ထောက်ကြန့်ရွာက ဒေသခံ ၇,၀၀၀ ကျော် ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၅ ရက်ကလည်း စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ကလေးနယ်မြောက်ပိုင်း၊ လက်ပံချောင်းရွာက အသက် ၄၇ နှစ်အရွယ် ဒေါ်ဇန်ဘွဲ့ဆုန် သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ဇန်နဝါရီ ၁၇ ရက်အထိ စစ်ကောင်စီကြောင့် အရပ်သား ၆,၁၈၆ ဦး သေဆုံးထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းပြုစုချက်အရ သိရပါတယ်။
သတင်း - ကိုစည်သူ၊ စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #စစ်တပ် #လက်နက်ကြီးပစ်ခတ် #အရပ်သားသေဆုံး
Share Share Share