သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
(မြေလတ်အသံသတင်းဌာနမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။)
ဘုတလင်မြို့နယ်ထဲက ကျေးရွာ ၂ ခုကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မနက်ပိုင်း စစ်ဆေးရေးလုပ်နေတဲ့အချိန် စစ်ကောင်စီရဲ့ ဒရုန်း ၁ စီးက ဗုံးကြဲခဲ့တာကြောင့် PDF ရဲဘော် ၄ ဦးစလုံး ဒဏ်ရာရသွားခဲ့ပါတယ်။ ဒဏ်ရာတွေကို ဆေးကုသဖို့ နီးစပ်ရာကျေးရွာဆေးခန်းကိုသွားရောက်ခဲ့ရာ ဒဏ်ရာရရဲဘော်တွေ ဆေးခန်းရောက်ချိန် စစ်ကောင်စီရဲ့ နောက်ထပ်ဒရုန်း ၁ စီးကလည်း နောက်ကလိုက်လာပြီး ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဗုံးပေါက်ကွဲသံထွက်ပေါ်လာပြီးနောက် ဆေးပေးခန်းရှိရာ လူနေအိမ်ခြံဝန်းထဲမှာ လူသေအလောင်းတွေ၊ ဒဏ်ရာရသူတွေ၊ သွေးစတွေနဲ့ အပျက်အစီးတွေဟာ နေရာအနှံ့ အနိဋ္ဌာရုံအပြည့် ဖြစ်သွားခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဒဏ်ရာရလာတဲ့ PDF ရဲဘော် ၄ ဦးအပါအဝင် ဆေးခန်းရောက်နေတဲ့ PDF ရဲဘော် ၁ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ အခုနှစ် ဇူလိုင် ၁၀ ရက် ဘုတလင်မြို့နယ်ထဲက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်း ၁ ခု ကို စစ်ကောင်စီက ဗုံးနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ပါ။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ အထိနာလာတဲ့ စစ်ကောင်စီတပ်တွေဟာ အခုအခါမှာတော့ စစ်ရေးနည်းဗျူဟာပြောင်းပြီး ဒရုန်းတွေအသုံးပြုကာ တန်ပြန်တိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မကြာခဏသေဆုံးမှုတွေရှိလာနေပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ရုပ်သံဆောင်းပါး #စစ်ကောင်စီ #ဒရုန်း #အညာ #ဒရုန်းကာကွယ်ရေး
Share Share Share